to meet is to part
internet??
အဲဒီအကြောင်းတော့ ပြောမပြောချင်ပါဘူးဗျာ..
စင်ကာပူလာ ကျောင်းတက်တာ အင်တာနက် အလကားလာသုံးသလိုဖြစ်နေပြီ။ကျောင်းမှာကလည်း wireless အိမ်မှာကလည်း အခန်းဖော်တွေနဲ့ စုပြီး network လုပ်ထားသေးတယ်။ ကြိုက်တဲ့ အချိန်ကောက်သုံးလိုက်ရုံပဲ။
chatting လား ။ ကောင်မလေးတွေနဲ့  chatရတာ လက်ညောင်းလွန်းလို့ ခဏရပ်ထားတယ်။ဒါတောင် friendster လာ လာadd ကြလွန်းလို့  2nd account တောင် ဖွင့်ခါနီးပြီ။ သူတို့ လေးတွေ ကို addထား တာ ဘာရယ်မဟုတ်ပါဘူး။ အားရင် ကြိုက်တဲ့ တယောက်လောက် ကောက်ကြူလိုက်ရုံပေါ့။ ပျင်းရင် တယောက်ယောက်ကို ဖုန်းဆက်ပြီး အီလိုက်ရုံပေါ့။ တချို့ ကိုတော့ ဝေးရပ်မြေခြားလို့  ဖုန်းခကုန်မှာစိုးလို့ ကိုယ်ဘက်ကမဆက်ရင်တောင် သူတို့ လေးတွေက ဆက်ရှာသဗျ။ lecture roomထဲမှာဆို ဖုန်းကို ပိတ်ထားရတဲ့ အဆင့်အထိပဲ။ ဒါတောင် နိုင်ငံချင်းတူနေရင် အကြောင်းမရှိအကြောင်းရှာပြီး မုန့် လိုက်ကျွေးချင်တဲ့ မမလေးများကလည်းရှိသေးလို့ မှတ်လောက်သားလောက်အောင် soul garden ကို ၃ရက်ဆက်တိုက် သွားစားလိုက်သေးတယ်။အခန်းဖော်တွေက ” ဟေ့ ကောင်ကြီး တော်ပါတော့ကွာ။ သောက်စားစားချင်လည်း ငါတို့ ကျွေးပါ့မယ်။ ကောင်မလေးတွေဆီကတော့  သူတို့ မွဲလောက်အောင်မစားပါနဲ့ ကွာ။ မင်းကိုယ်မင်း ယောကျာ်းဆိုတာလည်းသတိထားပါအုံး။ တော်ကြာ မင်းကောင်းမှုကြောင့် မြန်မာမလေးတွေ ငါတို့ ကိုလန့် နေအုံးမယ်။ မင်းကြည့်ရတာ တဖြည်းဖြည်းနဲ့ ကြာကူလီ တင်မကဘူး screw driver ကတောင် အဖေမခေါ်ရုံမတမယ် ပဲကျန်တော့မယ်”ကြည့် စမ်း ကျေးဇူးရှင်လေးတွေ ကျွန်တော်ကို ကျေးဇူးကန်းနေတာ။ ကျွန်တော်က ကောင်မလေးတွေနဲ့ အပြင်ထွက်စားတိုင်း အိမ် ကသုံးကောင်စလုံးစားဖူးတယ်ရှိအောင်ခေါ်သွားတာ။ စားတုန်းကတော့ စားပြီး ဗိုက်ကွဲခါနီးမှ
အဲလိုမလုပ်နဲ့  ဒီလို မလုပ်နဲ့ နဲ့  မသိရင် သူတို့ နှမတွေဆီက ကျွန်တော် အလကားစားနေသလိုနဲ့ ။မှတ်မှတ်ရရ ကျွန်တော်ရဲ့  ၈ယောက်မြောက် online girlfriend နဲ့ ပထမဆုံး တွေ့ ဖို့ ချိန်းထားတဲ့ နေ့ ။Explanadeနားမှာ သွားထိုင်ပြီး တီတီတာတာ ချစ်စကားတွေပြောဖို့ cityhall မှာ ချိန်းထားတဲ့ နေ့ ။အဲဒီနေ့ က ကျွန်တော်သာ အပြင်မထွက်ခဲ့ ရင် ကျွန်တော်ဘဝဟာ (အတိအကျပြောရရင် ကျွန်တော့် အသည်းဟာ ရစရာမရှိအောင် စုတ်ပြတ်ခဲ့ မှာမဟုတ်ဘူး ဆိုတာပဲ)အသစ်ချွတ်ချွတ် ရည်းစားလေးနဲ့ မတွေ့ ခင် ကျွန်တော့်ဗိုက်တွေ မခံနိုင်အောင်ဆာလာတယ်။ ဒါနဲ့ မြန်မာထမင်းဆိုင်ရှိတဲ့ နေရာကို ကျွန်တော်သွားခဲ့ တယ်။ ကောင်မလေးကိုလည်း ကျွန်တော်ရှိရာကို လာဖို့ ပြန်ချိန်းလိုက်တယ်။ ထမင်းဆိုင်မှာ ထမင်းဟင်းတွေ မှာပြီး အေးအေးဆေးဆေးစားနေခိုက် ဘယ်ကနေရောက်လာမှန်း မသိတဲ့ ဘောလုံးတစ်လုံးကကျွန်တော့်  ခြေထောက်ကိုလာမှန်တယ်။ ဘောလုံးပိုင်ရှင်ကို ရှာကြည့်လိုက်တော့  စိန်မျောက်မျောက်က တောင် အမေခေါ်ရလောက်တဲ့  မျက်နှာက ညစ်ပတ် အကျီက ညစ်ပတ် ဖိနပ်မှာ လည်း ရွံ တွေမြက်တွေနဲ့  နောက်ထပ်ဘောလုံးတစ်လုံးကို လမ်းလျှောက်ရင်းလှိမ့်လာတဲ့ ကြီးဒေါ်တယောက်ကိုတွေ့ လိုက်တယ်။ဘယ်နှယ့်ဗျာ လူတွေ ထမင်းစားနေတာ။ ကံကောင်းလို့ စားပွဲ ခုံကို မထိလို့ ပေါ့။ ထိလို့ ကတော့  ဟင်းခွက်တွေ မှောက်ပြီးသား။ ကျွန်တော်ကလည်း မိန်းကလေးဆိုပြီး ငြိမ်ခံမယ်မထင်နဲ့ ။ ပြန်ကန်လိုက်မှာ။ ရုပ်ကိုက မလေးမ လိုလို တရုတ်မ လိုလိုနဲ့  ဘယ်လို လုပ်မြန်မာတွေရှိတဲ့ နေရာကို ရောက်နေလဲမသိဘူး။တွေးလိုမှမဆုံးခင်
” ငါ့ ဘောလုံးပြန်ပေး”
အလဲ့ ဒီ စလုံးမ က အလာကြီးပါလား။ ဗမာစကားလည်းတတ်သား။
စလုံးမ ဆိုတော့ စာရင်းဇယားမရှပ်ချင်တာနဲ့ ပြန်ပေးလိုက်သည်။
ဒီတော့ လည်း ကြီးဒေါ်တော်က ..
”ကျေးဇူး”တဲ့ ။သိပ်မကြာပါဘူး ၅မိနစ်လောက်ကြာတော့  သူတို့ အုပ်စုကို ထမင်းဆိုင်နားတွေ့ ပြန်ရော။ ကြီးဒေါ်ကတော့ ကျွန်တော့်ကို ရှိလေတယ်လို့ တောင် မထင်ဘူး။ တချက်လေးမှလှည့်လို့ တောင်မကြည့်ဘူး။ အပြင်ဘက်မှာ ပွစိ ပွစိပြောရင်းနဲ့ ဆိုင်ထဲဝင်တယ်။ ကျန်တဲ့ ကောင်မလေးတွေကတော့ အအေးမှာသောက်ကြတယ်။
ကြီးဒေါ်အလှည့်ကျတော့ ငပိရည်နဲ့ ပုဇွန်ချဉ်သုပ် မှာစားတာ တွေ့ မိလိုက်တယ်။စိတ်ထဲကတော့ တော်တော်ထူးဆန်းတဲ့ စလုံးမပဲလို့ ။”ခုတော့ ခင်ဗျားနဲ့ ကျွန်တော် ဝေးကွာဖို့  အဲဒီနေ့ က ပထမဆုံးတွေ့ ခဲ့ ကြပြီပေါ့”
…………………………………………………………………………………………………..
အခန်း(၂)
တခါ တခါ ကျွန်တော် စဉ်းစားမိခဲ့တယ်။တွေ့ ဆုံခြင်းဟာ ဝေးကွာ ခြင်းရဲ့ အစ များလားဆိုတာကို။
တကယ်လို့  ဒါဟာ သေချာခဲ့ ရင် ကျွန်တော် မွန် ကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် မတွေ့ မိအောင်ကြိုးစားမိခဲ့ မှာအမှန်ပဲ။ မတော်တဆပဲ ဖြစ်ဖြစ် တိုက်ဆိုင်မှုပဲဖြစ်ဖြစ် ။ ဘာလို့ လည်းဆိုတော့  ကျွန်တော် မွန်နဲ့  မဝေးကွာချင်လို့ ပဲ။ အခုတော့  မွန်ဟာ ကျွန်တော် နီးနီးလေးက အဝေးဆုံးလူသားတယောက်ဖြစ်သွားခဲ့ ပြီ။ ကျွန်တော် သူနဲ့ မဝေးချင်ပါဘူး။ဒါပေမယ့် သူ ကတော့ ကျွန်တော့် သူ ကမာ ထဲက အပြီးထုတ်ဖြစ်လိုက်ပြီ။
နိုင်ဆို တဲ့ ကျွန်တော်ဟာ သူ့ ဘဝထဲမှာ မရှိတော့ဘူး။
ဒါတွေ ကို သိခဲ့ အချိန်မှာ ကျွန်တော် အရမ်းကို အချိန်တွေလွန်ခဲ့ ပြီ။
ကျွန်တော်ဟာ ကိုယ့်သေဖို့ ကိုယ်သေတွင်းကို ပျော်ပျော်ကြီးတူးနေတဲ့ လူသားတယောက်နဲ့ တူပြီ။online girlfriend ဆိုတာဗျာ onlineမှာပဲ ပွားလို့ ကောင်းတယ်။ အပြင်မှာ ကျတော့ ခပ်စိမ်းစိမ်းကြီးဖြစ်နေရော။အဲဒီကောင်မလေးနဲ့ အပြင်မှာ ၂ခါလောက်တွဲပြီး သူမကို ကွန်ပြုတာထဲပြန်ထည့်ထားလိုက်တယ်။ဘယ်တတ်နိုင်မလဲဗျာ။ ခုခေတ်က အင်တာနက်ခေတ်ဟာကို။ အင်တာနက်ရှိရင် အလုပ်ဖြစ်တယ်။ရည်းစားတောင်မှ ကွန်ပြုတာထဲထည့်လို့ ရတယ်ဆိုတာကြည့်တော့ ။
အဲဒီနေ့ က ကျောင်းပိတ်ရက်မို့  အိမ်မှာ onlineဝင်ပြီးchattingလုပ်နေခိုက်chatroomထဲကို ထူးထူးဆန်းဆန်း nick nameတခုဝင်လာတယ်။ကျွန်တော်က burglishလို့ ရေးတော့ respondပြန်မလုပ်ဘူး။englishလို ရေးတော့ ပြန်ရေးတယ်။ ဟိုရေးဒီရေးနဲ့  သူ ဘာ ဝါသနာပါလဲ လို့ မေးတော့  ဘောလုံးကန်တာဝါသနာပါတယ်တဲ့ ။ စိတ်ထဲက တချက် သံသယဝင်မိတယ်။ ဒီကောင် ယောကျာ်းလေးများလားလို့ ။ အဲဒါနဲ့ ဖုန်းနံပါတ်တောင်းတယ်။ သူက ချက်ချင်းပဲပေးလိုက်တယ်။ဒါနဲ့ ပို လို့ တောင် သံသယဖြစ်သွားတယ်။ သာမာန်မိန်းကလေးတွေဆိုရင် ဖုန်းနံပါတ်တောင်းရင် နဲနဲအချိန်ယူရတယ်။ သူတို့ မယုံယုံအောင် လှိမ့် ပြောရတယ်။ ပဲတွေ အိုက်တင်တွေ စွတ်ရမ်းပေးလို့  ကုန်တော့ မှ ဖုန်းနံပါတ်ပေးတယ်။ဒီတယောက်ကတော့ ထူးဆန်းတယ်။ ထူးဆန်းဆိုတာနဲ့ စိတ်ထဲက ဟိုတနေ့  ငပိရည်နဲ့ ပုဇွန်ချဉ်သုပ် တုတ်သွားတဲ့ စလုံးမကို သတိရမိတယ်။
ဘုရား ဘုရား အဲဒီစလုံးမ က မြန်မာမများလား။ အဲဒီမြန်မာမက ခု ငါနဲ့ chattingလုပ်နေတဲ့ သူများလား။ သိချင်စိတ်တွေက ထိန်းချုပ်မရတာနဲ့ ဖုန်းကို တခါတည်းဆက်မိလိုက်တယ်။
တဖက်က ကြည်လင်ချိုသာတဲ့ အသံနဲ့ ”hello”တဲ့ ။ တော်သေးတယ်။ဟို စလုံးမမဟုတ်လို့ ။
ဟိုစလုံးမ အသံက ဩဇာအပြည့် ယုံကြည်မှုအပြည့်နဲ့ ကိုယ်လိုချင်တာကိုမရရအောင်ယူမယ့် အထက်စီးအသံ။
အဲဒါနဲ့  ထုံးစံအတိုင်းကျွန်တော့် flowတွေ စလိုက်တယ်။ မိန်းကလေးတယောက်ဘောလုံးကန်တယ်ဆိုလို့ ပါ။ ကျွန်တော်တွေ့ တဲ့ မြန်မာမိန်းကလေးတွေက သိမ့်မွေ့ တယ်။ပျော့ပြောင်းတယ်။သူတို့ ရဲ့ အိအိတွဲတွဲ နှာသံလေးနဲ့ ပြောတဲ့ အသံတွေကို ကျွန်တော်က ရေလည်feelလာတာ။
”ဒီမှာ နိုင် နင်တို့ လို့ မြန်မာပြည် ကလာ မိဘ ပိုက်ဆံလာဖြုန်းပြီး ကွန်ပြူတာ တလုံးနဲ့  အင်တာနက်က သိတဲ့ ကောင်မလေးတွေဆီ ညလုံးပေါက် ဖုန်းထိုင်ပြောတဲ့ ကောင်မျိုး ကို ငါ ကစာရင်းသွင်းတာမဟုတ်ဘူး။ ငါ့အတွက် နင်ဟာ အင်တာနက်ထဲက လူတယောက်ပဲ။ ငါ offlineလုပ်တဲ့ အချိန်ဟာ နင်ငါ့ ဘဝထဲက ပျောက်သွားတဲ့ အချိန်ပဲ။ဒါပဲ နောက်တခါ ငါ့ ကို အပြင်မှာတွေ့ ချင်တဲ့ အကြောင်းလာ မ ဟနဲ့ ။ ငါ အဲလောက် အား ပြီးယားနေတာမဟုတ်ဘူး။”
ကျွန်တော် အ၇မ်းစိတ်မကောင်းဖြစ်မိတယ်။ ဖုန်းကို ကိုင်ထားပေမယ့် ဘာဆက်ပြောရမှန်းမသိတော့ဘူး။ မွန် ဘာကြောင့် ကျွန်တော်ကို ခါးခါးသီးသီးငြင်းခဲ့ လဲဆိုတာကိုပါ။ သူအတွက် ကျွန်တော် ဟာ အင်တာနက်လူသားတယောက်တဲ့ ။ သူအားတဲ့ အချိန် အင်တာနက်လာ၊ အကူအညီလို ရင် ဖုန်းဆက်၊ မလို ရင် ပျောက်သွားနဲ့ ။
တကယ်ဆို သူနဲ့ ကျွန်တော်နဲ့  သိခဲ့ တာ တနှစ်ပြည့်တော့ မယ်။ ဒါကြောင့် လည်း ကျွန်တော် သူကို မြင်ဖူးချင်လို့ တောင်းဆိုခဲ့ တာပါ။သူလို သာ ကျွန်တော် သူကို အင်တာနက်ထဲကကောင်မလေး တယောက်လို့ သဘောထားလိုက်ရင် တပတ်အတွင်းခင်မင်ခွင့်ရအောင်လုပ်ပြီး အပြင်မှာ ချက်ချင်းတွေ့ ပစ်မိလိုက်မှာ။ပြီးရင် ချက်ချင်းခြေရာဖျောက်ခဲ့ လိုက်မှာ။
“မွန် မင်းပြောရက်လိုက်တာကွာ။ ”
ကျွန်တော် ဒီတခွန်းပဲ ပြောလိုက်မိတယ်။ ရင်ထဲကတော့  ဘယ်လိုကြီးဖြစ်သွားလဲမသိဘူး။ မွန် ကတော့ သိမယ်မထင်ဘူး။
“ထင်ချင်သလို ထင်ဟာ ဒါပဲ” မွန်က ပြောပြောပြီးချင်း ဖုန်းချလိုက်တယ်။
ကျွန်တော်က သာ ဖုန်းကို ဆက်ကိုင်ရင်း ငိုင်ငိုင်ကြီး ကျန်ခဲ့ သည်။
ဘယ်လောက်တောင်ကြာသွားလဲ မသိ။
“အောင် ညငေး သက်ခိုင်ရေ.. ငါတို့ သားလေးဘာဖြစ်သွားလဲ မသိ။ ဖုန်းပြောတာ များပြီး ဂေါက်သွားပြီနဲ့ တူတယ ဒီတခါ ဂေါက်ရင်တော့  ငါတို့ ကို ဒကာခံမဲ့  ကျေးဇူးရှင်ရှိတော့မှာမဟုတ်ဘူး။” အသံပြဲနဲ့  အသုဘမှာ အေးရင်ကျူးသံနဲ့  နား နားလာကပ်ပြီးအော်တဲ့  ကျော်ထွန်းအသံကြားမှ ယောင်ယောင်မှားမှား hpကို လက်က လွှတ်ချမိလိုက်တယ်။
“ဟ..ဟ. ကောင်ကြီး စိတ်ထိန်း ဖုန်းတွေလည်း တစစီဖြစ်လို့ ..မင်းကွာ လုပ်စရာရှားလို့  မသကာ ခုံတွေ နံရံတွေ ထိုးပစ် ကန်ပစ်ပေါ့။ ခုတော့ ကွာ ဖုန်းက အသစ်ကြီး ဘာလို့ လွှတ်ချတာလဲ” သက်ခိုင် က ဖုမသိ ဘမသိ ကြားက နေ ဖုန်းကို လာ နှမြောနေသေးတယ်။
“မင်းကြီးတော် ကြီး… ငါ့က ဖုန်းအသစ်ကိုလွှတ်ချမိမလားကွ။ ဟို မှာ အေးရင်ကျုးသံနဲ့ သင်္ကြန်မှာ သီချင်းဆိုတဲ့  မင်းယောက်ဖ ကျော်ထွန်းက ငါ့နား နားကပ်ပြီး အော်လို့  ဖုန်း က လန့် ပြီးကျသွားတာ။ သွားပါပြီ ကွာ။ လဲထားတာမှ မကြာသေးဘူး” မြတ်နိုး ရပါတဲ့ ကောင်မလေးနဲ့ လည်း တွေ့ ခွင့်မရ၊ ရှိသမျှ part timeလုပ်စာလေးနဲ့ ဝယ်ထားတဲ့ ဖုန်းလေးကလည်း တစစီဖြစ်ရ နဲ့  ကျွန်တော် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။
“အောင်မယ် သေနာ။ မင်းကများ ငါ့အသံကိုပြောရက်တယ်။ စောစောတုန်းက ငါမြင်လိုက်တဲ့ မင်းအခွက် က သေခါနီး တိုက်ပေါ်က ခုန်ချရင် ကောင်းမလား။eastcoastသွားပြီး ကောင်မလေးတွေ ဘီကီနီဝတ်တာကြည့်ရင်း ရေနစ်သေရင်ကောင်းမလား။ MRT trackပေါ် ကန့်လန့် သွားအိပ်ရင်ကောင်းမလားနဲ့  ဝေခွဲမရလို့  ဟို TV showထဲကလို “live line “ခေါ်တဲ့ ကောင်နဲ့ တူနေ လို့ ငါကစေတနာနဲ့ လှမ်းအော်လိုက်တာ။
“ဟားဟားဟားဟား ဟား ဟားဟားဟား” ကျော်ထွန်းရဲ့ အပြောပြီး ကျွန်တော်တို့ အားလုံး အားရပါးရ ရီလိုက်မိတယ်။ ဒီကောင် ရှိလို့ လည်းအိမ်က စိုပြေနေတာ။ စိတ်ညစ်စရာ ဆိုလည်း ခဏပဲ။ ဒါကြောင့်လည်း ဒီကောင်ကို ကျွန်တော်တို့ အားလုံးချစ်ကြတာ။
“မင်းကြီးတော်တွေ ဘာတွေမှန်းမသိပဲနဲ့ သောက်ရမ်းရီနေကြတယ်။ ကျော်ထွန်းအသံကြားလို့ အိမ်သာထဲက ချက်ချင်းပြေးလာတာ ဆေးတောင်မဆေးရသေးဘူး။ တော်ပြီး ငါပြန်တက်လိုက်အုံးမယ်။” သက်ခိုင် အကြောင်းသိမှာ ကျွန်တော်တို့ မှာ ပိုလို့ တောင် မအောင့်နိုင်ပဲ ထပ်ရီကြပြန်သည်။ အော် သူငယ်ချင်းဆိုတာ ဒါပါပဲ။
………………………………………………………………………………..
အခန်း(၃)
“ဟိတ် မောင် ဘာတွေ ငေး”
ကျွန်တော့်နှုတ်ခမ်း တစုံကို အနမ်းတချက် ကျလာတော့မှ ပြန်သတိဝင်လာတယ်။
ဘုရား ဘုရား ကျွန်တော့်ရှေ့ မှာ ခိုင်တယောက်လုံးမတ်တတ်ရပ်နေတာတောင် မမြင်မိလိုက်ပါလား။ ကျွန်တော်မျက်လုံးတွေ ကန်းနေပြီလား။
“မောင် မေးနေတယ်လေကွာ… ဘာတွေတွေးနေ ငေးနေတာလဲလို့ ..။ ဘာလည်း ဟို စလုံးမလေးတွေ စကပ်တိုတိုဝတ်ထားတာကိုလိုက်ကြည့်နေတာလား။”
ဟာ အရေးထဲမှ ဒီကြောင်ပူမကလည်း တမှောင့်။ တခြားတရုတ်မတွေ စကတ်တိုတိုဝတ်တာလိုက်ကြည့်ဖို့ နေနေသာသာ.. သူစကပ်တိုတိုဝတ်တာ တခြားကောင်တွေမမြင်အောင် လမ်းလျှောက်ရင် သူနောက်ကနေ လိုက်လိုက် ကာပြီး လျှောက်ရတာလည်းအခါပေါင်းမနဲတော့ဘူး။
စိတ်ထဲကတော့  တရုတ်မတွေလိုက်ကြည့်စရာမလို ဘူးဟေ။ မင်းကိုစကပ်ဝတ်တာကြည့်တာနဲ့ တင် လုံလောက်နေပြီလို့ စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်ရင်တော့  ဒီညတော့ ချော့လို့ ပြီးမှာတောင်မဟုတ်ဘူး။
“မဟုတ်ပါဘူး ခိုင်ရာ။ မောင် နောက် semester ကျရင် အလုပ်တခုထပ်ရှာမလားလို့  စဉ်းစားနေတာပါ။” white lie တခုတော့ ပါးစပ်ကထွက်သွားပြီ။
” မောင် ကလည်း အလုပ်တွေအရမ်းလုပ်မနေပါနဲ့ ။ ကျောင်းပြီးလည်းအလုပ်ကလုပ်ရမှာပဲ။ ကျောင်းသား ဘဝမှာ ပျော်ပျော်ရွင်ရွင်နေစမ်းပါ။ နော်လို့ ” ခိုင် ကပြောလည်းပြော လက်ကလည်းတင်းကျပ်စွာဖက်ထားသေးတယ်။ ချစ် တာ ချစ်တာ…
အော် ခုနေများ ကျွန်တော့်လည်ပင်းကို တင်းကျပ်စွာ ဖက်ထားတဲ့ လက်တွေဟာ မွန် ရဲ့ လက်တွေသာ ဖြစ်လိုက်ရင် ကျွန်တော် သေပျော်ပါပြီဗျာ။…
ဝေးကွာဖို့ အတွက် တွေ့ ဆုံခြင်း (၂)
ကျွန်တော်နဲ့ ခိုင် နှစ်ယောက်သားအကြည်စိုက်နေခိုက်..
“မြ .. ကြည့်စမ်းပါအုံးဟာ..ဟိုမှာ နှစ်ယောက်သား ကမြင်းကြောထနေတာ။ သူတို့ ကိုယ် သူတို့  ကျောင်းမှာဆိုတာရော သိရဲ့ လားမသိဘူး။ စော်က ဝတ်ထားတာတိုလိုက်တာ ငါတို့ ကိုအလကားပြထားတာလား မသိဘူးနော် သူဟာသူ တိုလွန်းလို့ နောက်ကပေါ်နေမှန်းတောင်မသိရှာဘူး။… ဟီးဟီးဟီး။”
“ကြာပါတယ် ခင်ခင်ရာ.. ငါတို့ အလကားကြည့်တာလေးတွေ ဒါနမြောက်သွားအောင် အဲဒီစော်ကြီး ပုံကို youtubeမှာ တင်ပေးလိုက်ကြရအောင် ဟားဟားဟားဟား”
“ခင်နဲ့ စံပယ် နင်တို့ ကလည်း အားရင် စော်တွေ အောက်စလွတ်တာပဲလိုက်ကြည့်နေ။ ကိုယ်မှာမရှိတာကြနေတဲ့ အတိုင်းပဲ။လာလာ ဒုတိယပွဲစတော့မယ်။”
ဒီ အသံ… ဟုတ်တယ်.. ဒီအသံ… မွန် အသံ… သူ စောစောတုန်းက ကျွန်တော့် အနားမှာရှိနေခဲ့တယ်။.. ကျွန် တော် မွန့် ကို လိုက်ရှာဖို့ မတ်တပ်အရပ် ကျွန်တော့် လက်ကို ဆောင့်ဆွဲခြင်းခံလိုက်ရတယ်။..
” မောင် လာ.. စောစောတုန်း က အဆင့်မရှိအတန်းမရှိ အောက်ကြားမြက်ပေါက်စကားတွေ ခိုင်တို့ ကို ပြောသွားတဲ့ မြန်မာမတွေကို သွားစာရင်းရှင်းမယ်”
“ခိုင် နေအုံး မောင်ပြောတာ အရင်နားထောင်အုံး”
“ကိုယ်အပြစ်ကို ကိုယ်မမြင်ပဲ ဘာလို့ သူများတကာကို လိုက် ပြသာနာရှာချင်ရတာလဲ”
” ဘာ.. ခိုင်က ပြသာနာရှာတယ်ဟုတ်လား… စောစောက အဲဒီဟာမတွေ ခိုင်ကို ဘာပြောသွားတယ်။ ကိုယ်ထမင်းကိုယ်စားပြီး အတင်းမပြောရင်မနိုင်တဲ့ ဟာမတွေ”
မောင် ခိုင်ကို ခဏခဏပြောခဲ့ ဘူးတယ်။ နိုင်ငံခြားမှာ ကျောင်းလာတက်ပေမယ့်  ဒီက လူတွေလို လူရှေ့ သူရှေ့ ဟိုနမ်းဒီနမ်းမလုပ်ပါနဲ့ လို့ ..ဒီစကပ်အတိုတွေလည်း အလကားပြချင်ရင် ဝတ်ကို မဝတ်လာနဲ့ လို့ ။ စကပ်အတို ဝတ်ချင်သပ ဆိုလည်း လုံလုံခြုံခြူံ အနေအထိုင်ဆင်ခြင်ပေါ့။ ခုတော့ ကိုယ်အနေအထိုင်မတတ်လို့ သူများအပြောခံထိပြီပေါ့။ တော်သေးတာပေါ့။ စောစောတုန်းက မြန်မာကောင်မလေးတွေကို ကျောဘေးထားလို့  မောင်တို့ ကို မြန်မာမှန်းမသိတာပေါ့။ သိလို့ ကတော့ ဘယ်လောက်ရှက်ဖို့ ကောင်းလိုက်မလဲ။”
” တော်ပြီ တော်ပြီ ခိုင်ဘာမှမကြားချင်ဘူး။ ခိုင်ဝတ်ချင်သလို ဝတ်မယ်။ ခိုင်နေသလို နေမယ်။ ခိုင် ကြိုက်တဲ့ မောင်နဲ့ တွဲချင်သလို တွဲမယ်။ အဲဒီအတွက်ဘယ်သူမှ ဂရုမစိုက်ဘူး။”
“ခိုင် မင်းပြောလေ ခက်လေပါလား။ မင်းဂရုမစိုက်ဘူးဆိုရင် သူတို့ ကို ဘာမှသွားရှာစရာမလို ဘူး။ မင်းအဲလောက်ထိ ပြောရတာလက်ပေါက်ကပ် ရင်လည်း မင်းဟာမင်းသွားရှာကွာ။ ငါတော့မလိုက်ဘူး။ဒါပဲ။”
ပြောချင်ရာပြောပြီး ကျွန်တော် လှည့်ထွက်ခဲ့ တယ်။ ဟုတ်တယ်။ ဒါမှလည်း ကျွန်တော့်နည်းနဲ့ ကျွန်တော် မွန် ကိုလိုက်ရှာလို့ ရမှာ..
…………………………………………………………………..
ကျွန်တော်လည်း ခိုင်နဲ့ လွတ်ရင်ပြီးရော ဆိုပြီး သူနဲ့ ဆန့် ကျင်ဘက်လမ်းကိုရွေးခဲ့ တယ်။
စောစောတုန်းက ကျွန်တော် ကြားလိုက်ပါတယ်။ ဘာတဲ့ ဒုတိယပွဲ စတော့မယ်တဲ့ ။ ဘာပွဲပါလိမ့် ။ကျွန်တော်တို့ ကျောင်းမှာ ဘာပွဲများရှိပါလိမ့်။ စဉ်းစားစမ်း။ ဟာ ..အရေးထဲ။ ဒီသောက်ဦးနှောက်က ဘာမှစဉ်းစားလို့ မရဘူး။
သတိရပြီ။ ဟိုနှစ်ကောင် ကို လှမ်းခေါ်ပြီး တကျောင်းလုံးပတ်ရှာရမယ်။ ဘာပဲဖြစ်ဖြစ် ဒီတခါတော့ ကျွန်တော် မွန့် ကို တွေ့ အောင်ကိုရှာမယ်။
ပတ်ဝန်းကျင်ကို ကြည့်ရင်း လက်က လည်း hpမှ သက်ခိုင်ရဲ့ နံပါတ်ကို နှိပ်လိုက်သည်။
ခဏကြာတော့  သက်ခိုင် ဘက်မှအသံတွေကြားရသည်။
“ဟဲ လို… ဟဲလို…. ဂိုး….. ဂိုး…. ရှူးတော့လေ……. ဟာ..ကွာ…
“ဟေ့ကောင် သက်ခိုင် မင်းဘာတွေပြောနေတာလဲ”
“ဟေ့ ကောင်ကြီးလား…. ငါမကြားရဘူးကွ… ကျော်ထွန်းဖုန်းကို ခေါ်လိုက် ဒါပဲ ဒါပဲ
ပွဲပြီးတော့မယ်…..”
သက်ခိုင် တယောက် ဘာတွေပြောနေမှန်းလဲမသိဘူး သူ ဘက်ကလည်းဆူညံနေတာပဲ။ ဘာပဲဖြစ်ဖြစ် မွန့် ကို ကျွန်တော်တွေ့ ရတော့မယ်ဆိုတဲ့ အသိက ကျွန်တော်ကို မမြင်ရတဲ့ မျှော်လင့်ချက်တွေပေးနေတယ်။ စောစောတုန်းက မြန်မာမလေးတွေကြားမှာ မွန်ပါတယ်ဆိုတာ သိရင် ကျွန်တော်အရှက်အကွဲခံပြီး ခိုင်နောက်လိုက်သွားမိရင်ကောင်းသား။ စော်ကို ကြောက်လို့  စော်နောက်က လိုက်ရတဲ့ ဘဲတဗွေရယ် မွန်ထင်ချင်ရင်လည်း ထင်တော့ .. အဓိက ကတော့  မင်းကိုတွေ့ ရရင်ပြီးတာပဲ။မွန်ရယ်.. မင်းဘယ်နားမှာလဲ ကွာ။
ကျွန်တော်ကျောင်းကြီးကို ဘယ်လောက်ကြာအောင် ပတ်နေမှန်းမသိ။ သက်ခိုင်ဆီက ဖုန်းကမြည်လာသည်။
“ကောင်ကြီး မင်းစောစောက ဘာပြောမလို့ ခေါ်လိုက်တာလဲ။ မင်းကွာ ပွဲကောင်းလေးလွတ်သွားတယ်။ ရေ….
ဟေ့ကောင် နေစမ်း.. ငါပြောမယ်။
မင်းမပြောနဲ့ မင်းကလေရှည်…
အောင်မယ်… မင်းက ရော ပွဲအစအဆုံး အတိအကျပြောနိုင်လို့ လား…
ငါပြောမယ်ကွာ…”
ကြည့်၇တာ ကျော်ထွန်းနဲ့ သက်ခိုင် သတငိးထူးရှိလို့ အလုပြောချင်ကြတယ်နဲ့ တူပါတယ်။ သူတို့ ဘာပြောကြမလဲ ကျွန်တော် စိတ်မဝင်။ စိတ်ထဲကတော့ လူ ၃ယောက်ပေါင်းရှာတာ လူတယောက်တည်းရှာတာထက် ပိုပြီးပေါက်ရောက်မယ်လို့ ။ ဒင်းတို့ မကူလို့  မွန် ကို မတွေ့ ရတော့ဘူး ဆိုပြီး စိတ်ကတော်တော်ချဉ်သွားတယ်။
စိတ်ပေါက်ပေါက်နဲ့ 
“မင်းကြီးတော်တွေသွားပြောကွာ” ဆိုပြီးဖုန်းချလိုက်တယ်။
စိတ်ညစ်ညစ်နဲ့ အိမ်ရောက်တော့ အခန်းထဲဝင်ပြီး သီချင်းတွေအကျယ်ကြီးဖွင့် ပစ်လိုက်တယ်။
တအောင့်ကြာတော့  အိမ်ရှေ့ က တခါးဖွင့်သံကြားလိုက်ရတယ်။ ကြည့်ရတာ သက်ခိုင်တို့ပြန်လာတယ်နဲ့ တူတယ်။
“ဟာ ဒီ လဒက လည်း တလမ်းလုံးဆိုလာတာ ခုထိမပိတ်နိုင်တော့ဘူး.. ဟေ့ကောငိ ကျော်ထွန်း မင်း အပေါက်မင်းပိတ်မလား.. ငါပိတ်ပေးမရလား နားကြားပြင်းကတ်လာပြီနော်” သက်ခိုင် ကျော်ထွန်းကို လည်ပင်းကနေသိုင်းပြီး ကျော်ထွန်းပါးစပ်ကို အတင်းလိုက်ပိတ်နေသည်။
“ကောင်ကြီး လုပ်ပါအုံးကွာ။ မြန်မာဘုရင် နှစ်ပါးကတော့ နတ်သမီး မြင်လို့ ရူးသွားဖူးတယ်။ ငါတို့ ကျော်ထွန်းကြီး တော့  မြမာယာမွန် ဆိုတဲ့  ကောင်မလေးကို စောစောကတွေ့ ပြီးရူးသွားပြီကွာ။”
” ဂိုးသွင်းကောင်းတဲ့  မွန်မွန်… အကျော် အချစ်လေးမွန်မွန်… အကျော်ဆီက တစ်ရူး လာတောင်းသွားတဲ့ မွန်မွန်.. မွန်မွန်အတွက်သီချင်းတွေအများကြီးစပ်ပြီး ဆိုပြမယ်” ကျော်ထွန်းကိုကြည့်ရတာ တကယ်ပဲရူးသွားတာလား ။ အမြီးပဲညှပ်ပြီး သီချင်းတွေလျှောက်ဆိုနေတာလား။
ဒါနဲ့  ကျော်ထွန်းသီချင်းထဲက မွန်မွန်က ဘောလုံးကန်တဲ့ အခြောက်ကြီးလား။ အခြောက်နာမည်ကလည်း မြမာယာမွန်တဲ့ . အေးလေ။အခြောက်မို့ လို့ လည်းဒီနာမည်ယူထားတာနေမှာပေါ့။
“ကောင်ကြီး မင်းမလာတာနာတယ်ကွာ။ မြမာယာမွန်က နာမည်နဲ့ လိုက်အောင် တဖက်အသင်းက စော်တွေကို မာယာနဲ့ လှည့်ဖြားပြီး back kickသွင်းလိုက်တယ်ကွာ။” သက်ခိုင်ကိုကြည့်ရတာလဲ ဒီအခြောက်နာမည်ကို ညလုံးပေါက်မအိပ်ပဲပြောမယ့်ပုံပဲ။
“သက်ခိုင် စောစော ကမင်း ဘာပြောလိုက်တယ်.. back kickဟုတ်လား… မင်းတို့  သွားကြည့် တာဘာပွဲလဲ။” ကျွန်တော် စူးစမ်းမေးမိလိုက်တယ်။
“ကြည့်စမ်း မင်းတောင်စိတ်ဝင်စားလာပြီ ဒါဆိုပြောပြမယ်။ ညနေတုန်း က ငါ့တို့ ကျောင်း မိန်းကလေးဘောလုံးအသင်းနဲ့ အပြင်က မြန်မာမိန်းကလေးအသင်းချိန်းပြီးကန်ကြတယ်ကွ။ ငါတိုတော့  ကျောင်းဘောလုံးအသင်းထဲက မြန်မာကျောင်းသူတယောက်လာ သတင်းပေးလိုသိရတာ။ အဲဒီအထဲ မှာ ဒုတိယပိုင်း ကစားတဲ့ မြမာယာမွန်ကွာ တော်လိုက်တာ။
အဲဒါ ကျော်ထွန်းက မနေနိုင်လို့  ပွဲလည်းပြီးရော မြမာယာမွန်ရှိတဲ့ နေရာဘက်သွားပြီးအမှတ်တ၇ လက်မှတ်သွားထိုးခိုင်းတာ ကောင်မလေးက ကျော်ထွန်းကို တစ်ရူးပေါ်မှာ signထိုးပေး ပြီး ဘာပြောလိုက်လဲမသိဘူး။ အဲဒီအထဲက ကျော်ထွန်းခုလိုဖြစ်သွားတာ။
ငါတောင် တသက်နဲ့ တကိုယ် စင်ကာပူမှာ မြန်မာမိန်းကလေးအသင်းရှိတယ်ဆိုတာမကြားဖူးဘူးဖူး။ သက်ခိုင် ကမောသွားတယ်နဲ့ တူတယ်။ ခဏရပ်သွားတယ်။
ဟုတ်ပြီ။ မွန်ဆိုတာ မြမာယာမွန်လား။
ကျွန်တော့်အတွေးမှမဆုံးသေး။
သက်ခိုင်ကဆက်ပြီး
“သူအစ်မက လည်း အပေးကောင်းလိုက် ၂ယောက်သားအချိတ်အဆက်မိပြီး ဂိုးတွေ ရှူးလိုက်ကြတာ ဟိုဖက်အသင်းက ဂိုးသမားတောင် ဘာလုပ်ရမှန်းမသိဘူး။သူ့ အစ်မလည်း သူလို ပဲကွ။ မွန် ဘာဆိုလား မသိဘူး။သူတို့ နာမည်တွေကလည်း ဇာတ်မင်းသမီးနာမည်တွေ။ အငြိမ့်က တာနဲ့ ဘောလုံးကန်တာပဲကွာတယ်။ ဟား ဟာ”
…………………………………………………
အခန်း(၄)
ဟာ. . ဒါဆို မွန်က ၂ယောက်ပေါ့။ အကြီးလား အငယ်လား။ ဘယ်ကနေ စ စုံစမ်းရင်ကောင်းမလဲ။
ထိုအခိုက်..
” မွန်မွန်လေး အိမ်ပြန်ရောက်ပြီလားမသိဘူး။ မွန်မွန်လေးဆီဖုန်းဆက်ရအုံးမယ်” ပါး စပ်ကပြော လက်ကလည်း တစ်ရူးစ လေးကို ကိုင်ပြီး ချာလပတ်ရမ်းနေတဲ့ ကျော်ထွန်းကို မြင်တော့ ဘယ်ရယ်မဟုတ် စိတ်ထဲက သဝန်တိုမိသွားတယ်။
”ဟေ့ကောင် ပေးစမ်း မင်း တစ်ရူးအစုတ်” ကျော်ထွန်းဆီက အဲဒီတစ်ရူးစလေးကို လုယူပြီး ဆုပ်ဖြဲပစ်လိုက်တယ်။
“ဟေ့ ကောင် မင်းဘာလုပ်လိုက်တာလဲ” ကျော်ထွန်းက အံ့ဩတကြီးနဲ့ မေးလိုက်သည်။
“မမြင်ဘူးလား။ အမြင်ကတ်လို့ ဆုတ်ဖြဲပစ်လိုက်တာ” ကျွန်တော်ကလည်း အရှိကို အရှိအတိုင်းပြောချလိုက်တယ်။
“အမြင်ကတ်ရအောင် မင်းရည်းစားဖုန်းနံပါတ်ကို ငါကဆက်မှာမို့ လို့ လား။ မင်းယုတ်မာလှချည်လား။ ငါ လုပ်လိုက်ရ..”ကျော်ထွန်းအကြီးအကျယ်ပေါက်ကွဲသွားတယ်။ ကျွန်တော့်ကို လက်သီးနဲ့ ရွယ်ပြီး ဘေးနားက စားပွဲခုံကို ခြေထောက်နဲ့ ဆောင့်ကန်ပစ်လိုက်ပြီအခန်းထဲဝင်သွားသည်။
“ကောင်ကြီး မင်းဘာလို့ အဲလို လုပ်လိုက်တာလဲ ကွာ။ ကျော်ထွန်းအကြောင်းလည်း မင်းသိသားနဲ့ ။ သူစိတ်မဝင်စားချင် ဘယ်မိန်းကလေးက သူ ရှေ့ မှာ ဘာကြီးပဲလာလုပ်ပြပြ ဂရူစိုက်တာမဟုတ်ဘူး။ ခုဟာက အဲဒီကောင်မလေးကို သူ စိတ်ဝင်စားလို့  မနဲအရဲ စွန့် ပြီး တောင်းထားတဲ့ ဖုန်းနံပါတ်လေးကို မင်းမို့ လုပ်ရက်တယ်ကွာ။သူ တော်တော် တိုသွားပြီ။”
သက်ခိုင် ကကျွန်တော့်လုပ်ရပ်ကို စိတ်ပျက်သံနဲ့ ဒီလောက်ပဲကျွန်တော်ကို ပြောပြီး မီးဖိုချောင်ထဲဝင်သွားတယ်။
ဟုတ်ပါတယ်။ ကျွန်တော့်အမှားပါ။ကျော်ထွန်းပြောတဲ့ မွန်မွန်ဆိုတာကို ဘယ်သူဘယ်ဝါ သေသေချာချာမသိပဲ နဲ့  တဒင်္ဂ သဝန်တိုစိတ်နဲ့ အဲလိုမျိုး လုပ်မိသွားတာ။ကျွန်တော့်ရဲ မွန် က ကျွန်တော်အတွက် အရမ်းလိုအပ်သလို သူ့ မွန်မွန်ကလည်း သူအတွက် အရေးကြီးမှာပေါ့။
မနက်ဖြန် ကျောင်းရောက်မှာပဲ ဒီကောင်ကို chicken riceကျွေးပြီး ပြန်ချော့ရအုံးမယ်။
နောက်တနေ့  lunch breakအချိန် ကျွန်တော်တို့ ကျောင်းသားတွေစုရပ်ကိုသွားတော့ 
ကျော်ထွန်းနဲ့  ကောင်မလေးတယောက် စကားပြောနေတာတွေ့ ရတယ်။ ကျွန်တော့်ကို တွေ့ တော့ ကျော်ထွန်းက အဲဒီကောင်မလေးကို ကျွန်တော်နဲ့ အလှမ်းဝေးတဲ့ နေရာကို ခေါ်ပြီး စကားဆက်ပြောတယ်။ အမ်း ကြည့်ရတာ ကျွန်တော်ကို စိတ်မပြေသေးဘူးနဲ့ တူတယ်။ ဒါနဲ့ canteenသွားပြီး chicken rice၂ပွဲမှာပြီး လာပြန်သည်။ ပြန်ရောက်တော့  ခိုင်ပါရောက်နှင့်နေတယ်။ ကျွန်တော့ကို တွေ့ တော့ ခိုင်က တခြားဖက်လှည့်သွားတယ်။ နေပေါ့။
ဒါနဲ့  ကျွန်တော်လည်း လွတ်တဲ့ နေရာမှာ ထိုင်ပြီး chicken rice၂ပွဲကို စားပွဲပေါ်တင်လိုက်တယ်။ ကျော်ထွန်း အတွက်တ ပွဲ ကျွန်တော့်အတွက်တပွဲ ပါ။ ကျော်ထွန်းစကားပြော အပြီး ကို ကျွန်တော်စောင့်နေလိုက်တယ်။
ခဏနေတော့ ကျော်ထွန်း ပြန်ရောက်လာတယ်။ ကျွန်တော့်က မတ်တပ်ရပ်ပြီး ခေါ်မယ်အလုပ် ကျော်ထွန်းက မျိုးဇော်တို့ ဘက်သွားပြီး မမျှော်လင့်တဲ့ သတင်းတခုကို ကြေငြာလုပ်တယ်။
“သယ်ရင်းတို့  နောက် တပတ်ကျရင် ငါတို့ ဘောလုံးအသင်းနဲ့  မြန်မာမိန်းကလေးအသင်း match ရှိတယ်။”
“ဟာ…”
“ဟယ်….”
“အဲ့ ”
အကုန်လုံး အသံပေါင်းစုံ ထွက်လာကုန်တယ်။
” ဘယ် ကလဲ”
“ဟေ့ ကောင် ငါက ဘောလုံးကန်ရင် ကိုင်တတ်တယ်နော် တော်ကြာ ငါကြားက အကန်ခံနေအုံးမယ်”
“မိန်းကလေးတွေနဲ့ မကန်ချင်ပါဘူး တော်ကြာ ရှုံးနေရင် အသံပြဲကြီးနဲ့ အော်ငိုနေအုံးမယ် ဟားဟားဟား”
ထိုစဉ်..
” မကန်ချင်လည်း ရပါတယ်။ကျွန်မတို့ ဘက်ကလည်း အတင်းအကျပ်မတောင်းမဆိုပါဘူး။ဒါပေမယ့် လူကြီးမင်းသိထားဖို့ က အနိုင်အရှုံး ကို မကန်ရသေးပဲနဲ့  ထင်မြင်ချက်တွေ လျှောက်မပေးဖို့ ပါပဲ။ ကျွန်မတို့ နဲ့ ကန်လို့ လူကြီးမင်းတို့ ရှုံးပြီး အသံဗြဲကြီးနဲ့  ငိုချင်ငိုနေမှာပေါ့။ မကန်သေးသရွေ့ တော့ ဘယ်သူ ငိုမယ်.. ဘယ်သူရီမယ်ဆိုတာ မသိပါဘူး။”
အားလုံးက အသံရှင်လာရာဆီသို့ ကြည့်လိုက်တော့  ManU jerseyနဲ့ jeanကို ဝတ်ထားတဲ့ အသားညိုညို အရပ်ရှည်ရှည် ဆံပင်ကို spikeလုပ်ထားတဲ့ ကောင်မလေးတယောက်ကို တွေ့ လိုက်ရတယ်။
“အို…. ဟယ်တော့…”
“ဟင်”
အသံတွေ တခါထွက်လာကြပြန်သည်။
“ကဲ ကျွန်မသွားလိုက်ပါအုံးမယ်။ တကယ်လို့ လူကြီးမင်းတို့ ဘက်ကdealဆိုရင် ကျော်ထွန်းကို ပြောလိုက်ပါ။ သူကနေ ကျွန်မကို အကြောင်းပြန်ပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်” ပြုံးပြုံးကလေးနဲ့ လှည့်ထွက်သွားတဲ့ ကောင်မလေးကို ကြည့်ရင်း ကျွန်တော်ပါငေးပြီး ကျန်ခဲ့ ရသည်။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း” မျိုးဇော်ဆီက လက်ခုပ်သံကြားမှ အားလုံးအသက်ဝင်လာ သည်။
မျိုးဇော် က
” ကဲ ဘောလုံးသမားတွေ ဒီနေ့ အတန်းမတက်နဲ့ တော့ ။ငါတို့ အစည်းအဝေးလုပ်မယ်။ မိန်းကလေးတွေ စားပြီးရင် အတန်းတက်ချင် တက်။ မတက်ချင်လည်း meetingမှာ ဝင်ထိုင်လို့ ရတယ်။”
“မတက်ဘူးဟေ့.. ” အားလုံးက တညီတညွတ်တည်း အော်ကြသည်။
“မင်းနိုင်.. မင်းက အဲဒီမှာ ဘာထိုင်လုပ်နေတာလဲ။ ဒီမှာ အစည်းအဝေးလုပ်မလို့ ။ လာမလား မလာဘူးလား။”မျိုးဇော် လှမ်းအော်မှ ကျွန်တော် သူတို့ ဘက်သွားထိုင်လိုက်တယ်။
“ဒီဘွားတော်လေး က ငါတို့ ကို အနုနည်းနဲ့ လာ စော်ကားပြီး ပြုံးပြုံးလေးနဲ့ ပြန်သွားတယ်။ အဲဒါကို မင်းတို့ ငါတို့ က ပါးစပ်ကြီးဟ ပြီး ကျန်ခဲ့ တယ်။ မင်းတို့ မေ့ ကုန်ပြီးလား။ ငါတို့ အသင်းက ချန်ပီယံအသင်းဆိုတာ။ သူတို့ တယောက်မှ ဘာမှ မပြောကြဘူး။ ဒါဟာ သူပြောတာကို ငါတို့ ထောက်ခံသလို ဖြစ်နေတယ်။ ချန်ပီယံအသင်းဆိုတာ ဘယ်သူမှာ ဗိုလ်မထားဘူးကွ. စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်ရမယ်။ စိမ်ခေါ်သူဟာ မိန်းကလေး မကလို့  အခြောက်ကြီးပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူတို့ ခေါင်းမဖော်နိုင်အောင်ကို အပြတ်ကစားပစ်ရမယ်။ အစတုန်းကတော့  ငါက ငြင်းမလို့ ပဲ.. ခုတော့  ငါတို့ ကျောင်း ငါတို့ 
အသင်းရဲ့ ဂုဏ်ကို ပြန်ဆည်ဖို့ အတွက် ဒီဘွားတော်မလေးတွေနဲ့ ငါတို့ ကစားမှ ဖြစ်မယ်။”ကျွန်တော်တို့ ရဲ့ organizerကြီး ကမိန့် ခွန်းပြောရင် တော်လှန်ရေး မိန့် ခွန်းထက်ရှည်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ကို အတန်းဖျက်ပြီး meetingထိုင်ခိုင်းတာ။
“ဒီတော့  က…”
“တော်ပါတော့ မျိုးဇော် ရာ ကန်မှာလားမကန်ဘူးလား။ မြန်မြန်ပြော ငါက အကြောင်းပြန်ရမှာ။”ကျော်ထွန်း ကစိတ်မရှည်ပဲ ကြားဖြတ်ပြောမှ မျိုးဇော်လည်း ယောင်ပြီး
|”အေး ကန်မယ်ကွာ”
တကယ်တမ်း ပြောရင် ကျွန်တော် အရမ်းရှက်ခဲ့ တယ်။ အဲဒီအကြောင်းတွေးမိတိုင်း ရှက်မိတယ်။ယောကျာ်းပဲ ဗျာ။ မာနတော့ရှိတာပေါ့။ ဒီအတွက် ကျွန်တော် မွန်နဲ့ မတွေ့ မိအောင် အင်တာနက်ကို အတတ်နိုင်ဆုံးရှောင်ခဲ့ တယ်။ ၂၁ရာစုမှာ အင်တာနက် မသုံးချင်တဲ့ ကောင်ကို လက်ညိုးထိုးပြပါဆိုရင် ကျွန်တော့် ကို ကျွန်တော်ပဲ ပြန်ထိုးပြရမှာပါ ။ လက်ညိုးကိုပြောတာပါ။
Gmailတွေ friendsterတွေကိုလည်း စွန့် လွတ်ခဲ့တာ ဘယ်နှစ်လတောင်ကြာသွားလဲမသိဘူး။
တော်သေးတာပေါ့။friendster accountကို ခုလက်ရှိတွဲနေတဲ့  ကောင်မလေးက ထိန်းသိမ်းထားပေးလို့ ပေါ့ဗျာ။ မဟုတ်ရင်log inမလုပ်လို့  accountက မှိုရှိရင်မှိုတောင်တက်လောက်ပြီ။ သူ့ ခမျာလည်း ကျွန်တော့် ကောင်မလေးလို့ သာ ပြောတာ တနေ့ မှာ ၂၄နာရီရှိရင် ၅နာရီလောက်က ကျွန်တော့် friendster accountထဲဝင် မသင်္ကာတဲ့ ကောင်မလေးတွေတွေ့ ရင် ဟိုကောင်မလေးprofile view ဒီကောင်မလေး profile view နဲ့ 
အလုပ်ကိုရှုပ်နေတာပဲ။ ကျွန်တော် ပိုက်ဆံရှိလို့ ကတော့  သူ ကို ကျွန်တော့် accountထိန်းသိမ်းခ တနေ့ ၂၅ ဒေါ်လာ လောက်တော့ ပေးမိမှာအမှန်ပဲ ဟဲဟဲဟဲ။
ဒါပေမယ့် ထူးဆန်းတယ်နော်။ သူ ဘာလို့  ကျွန်တော့်မွန် ကိုမတွေ့ လဲဆိုတာ။သူ့ လောက်တုံးမှတော့  သူရည်းစားဘယ်လုပ်တော့မလဲ။ မွန့် ကို ကျွန်တော် ကhotmail ထဲမှာspecial နာမည်လေးနဲ့ addထားတာ။ သူကလည်း မြန်မာကျောင်းသားဆိုတိုင်း frienster & gtalkလောက်ပဲ သုံးတတ်ဆိုတာလောက်ပဲ သိတဲ့ သူဆိုတော့  ကျွန်တော် မှာhotmailရှိမှန်းတောင်မသိဘူး။ ရည်းစားဖြစ်ခါစကဆိုရင် တနေ့ ကိုcomments ၁၀ခုလောက် ရေးလို့ 
တော်ပါတော့ မမဘုရားလေးရေ လို့ မနဲ တားထားရတယ်။
ဒါတောင် သူကလေးက …
“ဟွန်း မောင်နော်..ခိုင် မောင့် အပေါ်ချစ်တဲ့ အချစ်က နေ့ တိုင်းfriendster comments ၁၀ခု ရေးထားတာထက်ပိုတယ်”ဆိုပြီး နှုတ်ခမ်းစူပြီးစိတ်ကောက်ပြလို့  ညဘက်ကျတော့  clubbingသွားပြီးချော့လိုက်ရသေးတယ်။
အဲဒါ သူစိတ်ချမ်းသာရင် နားငြီးသက်သာတယ်ဆိုပြီး ကျွန်တော့်ရဲ့  frienster & gtalk က accountနဲ့  password ပေးထားလိုက်ကတည်းက ရောဂါတော်တော်သက်သာသွားတာ။ဒီ accountတွေ က အားတိုင်းယားတိုင်း addချင်ရာ addထားတာ။အဓိက က မွန် ကို ထည့်ထားတဲ့ account လေး သူ လက်ထဲမရောက်ရင်ပြီးရော။
ပြောရင်းနဲ့ မွန့် ကို ကျွန်တော်သတိ၇မိတယ်။ မွန်ဆိုတာ ဘယ်သူလဲ ကွာ။ အသားညိုလား ဖြူလား။ ဘောလုံးကန်တယ်ဆိုရင်တော့  ညိုမှာပေါ့နော်။ ဆံပင်ရှည်လား တို လား။ အင်း …ဆံပင်တိုမှာပေါ့.. မဟုတ်ရင် ဆံပင်အရှည်ကြီးနဲ့ ဘယ်လို ကန်မှာလဲ။ တယောက်ထဲတွေးရင်ပြုံးမိလိုက်တယ်။ မွန်ရယ် မမြင်ရတဲ့ မင်းကိုမှ ငါစွဲလန်းနေမိပြီ။
မင်းကလည်း တကယ်စိမ်းကားရက်တယ်။ တခါလေးတွေ့ ချင်တယ် ပြောတာနဲ့  တသက်လုံးကွဲကွာသွားပြီလား ကွာ။ ခုကို ဖုန်းခေါ်ရင်ကောင်းမလား။
” အေး နိုင် နင်သိအောင်ငါတခု ပြောထားလိုက်အုံးမယ်။ ငါ့ ဖုန်းထဲမှာ ငါမိဘနဲ့ ငါ သူငယ်ချင်းတွေပဲရှိတယ်။ သူတို့ ခေါ်ရင် ငါ ဖုန်းကိုင်တယ်။ နင် အားအားယားယားဆက်မယ်ဆိုရင်တော့ လက်ညောင်းတာပဲအဖတ်တင်မယ်။” မွန်ရဲ့ တိကျလှတဲ့ အပြောကြောင့် ကျွန်တော် အဲဒီတုန်းက ဖုန်းနံပါတ်တောင်းဖို့ လက်လျှော့ခဲ့ ရတယ်။
ခေါင်းမာလှတဲ့ ကျွန်တော် ကလည်းလွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့  ကောင်မှမဟုတ်တာ။ အဲဒီအတွက် မွန်ကျေနပ်အောင် ကျွန်တော် ကတိတခုနဲ့ အလဲအလှယ်လုပ်ခဲ့ ရတယ်။အစကတော့ နောင်တမရပေမယ့် ခုချိန်မှာတော့  အဲလိုကတိမျိုးမပေးမိရင် ကောင်းသားလို့ ။
ကျွန်တော်ကလည်း အားကျမခံ ” အောင်မယ် မိမွန် နင် အသံကို နားထောင်ချင်လှချည်ရဲ့ လို့ တော့မထင်လိုက်နဲ့ ။ ဟိုတခါတုန်း က နင် “ဟဲလို “လို့  ကြောင်အမြီးညှပ်သလို အပျော့ဆွဲ ဆွဲတဲ့ အသံ တခြားကောင်မလေးတွေဆီက ငါ နေ့ တိုင်းနားထောင်ရလို့ ရိုးနေပြီ။ ခုဟာ က နင်နဲ့ ငါနဲ့  worldcupမှာ ဘယ်သူနိုင်မလဲ ဆွေးနွေးချင်လို့ ။”ဟုတ်ဟုတ် မဟုတ်ဟုတ် စိတ်ထဲရှိရာပြောချမိလိုက်တယ်။
” အေးပြီးရော။ ဒါပေမယ့် နင် ငါနဲ့ အပြင်မှာတွေ့ ဖို့ လုံးဝမတောင်းဆိုပါဘူးလို့ ကတိပေး”
မွန်က အဲဒီကတိတောင်းတော့  ပေါ့ပျက်ပျက်ပဲပေးမိခဲ့ လိုက်တယ်။
“Hello” ကျွန်တော့် ရင်ခုန်သံတွေရပ်သွားမလားလို့ တောင်ထင်လိုက်ရတယ်။ ဒီတခါ ကျွန်တော်ကြားတဲ့  မွန့် အသံက အရင်အသံလို မဟုတ်ပဲ တည်ကြည်ပြတ်သားပြီးဩဇာအပြည့်နဲ့ ။
“မွန် ခင်ဗျား မွန်လား”
“မဟုတ်ဘူးဟေ… ငါက မွန် မဟုတ်ဘူး။ ဗမာ။ နင်ပဲ အရင်တုန်းက ငါ့အသံကို ကြောင်အမြှီးညှပ်တဲ့ အသံဆို”
“အဟား ဟုတ်တယ် ဟုတ်တယ်။ ခုကျမှ မင်းအသံက တခြားမိန်းကလေးတွေနဲ့ မတူပဲ ထူးဆန်းတဲ့ အသံမျိုးဖြစ်သွားတာ။ ဒီလို မျိုးအသံကို ငါတနေရာမှာကြားဖူးတယ်။ ဘယ်မှလဲတော့မသိဘူး။” ကျွန်တော် ဘယ်လောက်ပဲစဉ်းစား ဘယ်လိုမှ စဉ်းစားလို့ မရဘူး။
“စဉ်းစားမနေပါနဲ့ ဟာ။ နင့် လို ဦးနှောက်နဲ့ တော့ဘယ်လို့ မှ မှတ်မိမှာမဟုတ်ဘူး။ နင်ခေါင်းထဲမှာ ကောင်မလေးတွေပဲရှိတာ ဟား ဟားဟား ကဲကဲ ငါဖုန်းချလိုက်တော့ မယ်။ မနက်ဖြန်ကျောင်းတက်ရအုံးမယ် ဒါပဲ” ကျွန်တော်တောင် ဆက်ပြောချိန်မရပဲ ဖုန်းက ချသွားပြီ။
အရင်တုန်း က မိန်းမတွေ ကျွန်တော်ကို အသံမာမာနဲ့ ပြောရင် ကျွန်တော့် က အရေးလုပ်ခဲ့ တဲ့ ကောင်မဟုတ်ဘူး။ ခု မွန်ရဲ့  ဩဇာအပြည့်နဲ့ အသံမာမာပြောတိုင်း ကျွန်တော်စွဲနေရပြီ။ မွန်ကတော့ သူစိတ်ကြိုက် ဘယ်အသင်း ကဘယ်ကောင်ကို ကြိုက်တယ်။ ခရစ်စရန်တို ရိုနယ်ဒို ကို ကလွဲရင် ဘယ်ယောကျာ်းမှမယူဘူး။ ဘာဘူးနဲ့  ။ သူပြောတိုင်း ကျွန်တော်က အသာလေးငြိမ်ပြီးနားထောင်နေလိုက်တယ်။ တခါတခါ
” သေနာ ကောင် နိုင် နင်က ငါကို ရေဒီယိုမှတ်နေလား။ ငါတယောက်တည်းပြောရတာ ရေငတ်လာပြီ။နင့်အလှည့်လုပ်အုံးဆို ပြီး EPLပွဲတွေကို analyzeလုပ်ခိုင်းလို့ ကျွန်တော်မှာ တယောက်တည်း ၄၅မိနစ်လောက် ပြောရသေးတယ်။
မွန် နဲ့ ဖုန်းမပြောရရင် မွန့် ကိုသတိရလို့  prepaid sim cardတခုဝယ်ပြီး smsတွေ ပို့ လွန်းလို့  ခဏခဏ အဆဲခံရတယ်။
သူက ဆဲလို့  ကျွန်တော်က ယဉ်ယဉ်ကျေးကျေးပြောပါလို့ ပြောရင်
“နင်ကောင်မတွေနဲ့ ငါ့ကိုလာမနှိုင်းနဲ့ ။ ငါက ငါပဲ။ နားမခံနိုင်ရင် smsမပို့ နဲ့ လို့ ပြောလို့  ကျွန်တော်မှာအသာတိတ်ခဲ့ရတယ်။
အရင်က ပြောခဲ့ ပါရောလား။့ ကျွန်တော်ဟာ ကိုယ့် သေဖို့ ကိုယ်သေတွင်းကိုပျော်ပျော်ကြီးတူးခဲ့ သူပါလို့ ။
အဲလို ကျွန်တော် မွန့် ရောဂါတွေထ နေတဲ့ အချိန် တခါတခါ ကျွန်တော် ကို ကျွန်တော် မွန်ရဲ့ ချစ်သူအဖြစ် ရောက်သွားလေ့ရှိတယ်။ အဲဒီအခါကျရင် ခိုင်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးသား။ ကျွန်တော် တကိုယ်ကောင်းအရမ်းဆန်သွားမလား။အဲလိုနဲ့ ချစ်သောသူရဲ့ အသံလေးကြားခဲ့ ဖူးပြီး။ ချစ်သောသူရဲ့ မျက်နှာလေးကို မြင်ချင်လိုက်တာလို့  တောင်းတာမိတဲ့ အချိန် ကျွန်တော် ဘဝပျက်ခဲ့ တော့တာပဲ။ အတိအကျပြောရရင် ကျွန်တော့် အသည်းတွေရစရာမရှိအောင်ပျက်စီးခဲ့ တာပေါ့ဗျာ။
အစည်းအဝေး ပြီးတော့ chicken riceလဲ မာကုန်ပြီ။ ဒါနဲ့ ပန်းကန်ကို canteenမှာ ပြန် ထားလိုက်တယ်။ ဒီပုံစံအတိုင်းဆိုရင်တော့  ကျော်ထွန်းကို အိမ်ရောက်မှ ပြန်ချော့ရမယ့် ပုံပေါက်နေပြီ။ ဒီကောင်က လည်း မိန်းမကကျနေတာပဲ။ ဘာမဟုတ်တာလေးနဲ့  ကျွန်တော်ကိုတောင် စကားမပြောတော့ဘူး။ ဒီကောင်ကြီးကျေနပ်အောင် တခုခုတော့ ပြန်လုပ်ပေးရမယ်။ ဟုတ်ပြီ။ သူလို ချင်တဲ့ ဖုန်းနံပါတ်ကို ပြန်ရှာပေးရမယ်။ ဘယ်မှာသွားရှာရမလဲ။
ဟာ ဟုတ်သားပဲ။ဒီနေ့ ဗုဓဟူးနေ့ ။soccer girlsတွေ training ရှိတယ်။ မဒီကို မေးရင်သိမှာပဲ။ကျွန်တော်တက်ြွကစွာနဲ့ sport complexဘက်ကိုလျှောက်လာခဲ့တယ်။
ဝေးကွာဖို့ အတွက်တွေ့ ဆုံခြင်း(၃)
ကိုယ့်အတွေးနဲ့ ကိုယ်လျှောက်လာလိုက်တာ running trackနားလည်း ရောက်ရော ဘယ်ကကန်လိုက်မှန်းမသိတဲ့ ဘောလုံး ကျွန်တော့် ခေါင်းကို အရှိန်ပြင်းစွာလာရောက်ထိမှန်သွားတယ်။ ကျွန်တော် နောက်ကိုဘယ်နှစ်လှမ်းလောက်ဆုတ်မိလိုက်မှန်းမသိဘူး။ နောက်ဆုး မခံနိုင်တာနဲ့  မြေပြင်ကိုလက်၂ဖက်နဲ့ ထောက်ပြီးလှဲမကျအောင် ထိန်းလိုက်ရတယ်။ မျက်လုံးတွေလည်း ပြာနေပြီး အကုန်လုံးဝါးကုန်တယ်။
တခဏကြာတော့  ကျွန်တော့်နားကို တစုံတယောက်ရောက်လာတယ်။
“are you all right??”
ဟာ.. ဒါ မွန့် အသံပဲ။
” ဟို.. ဟို… ကျွန်တော်…ကျွန်တော်..” ရင်ထဲက ဘယ်လို မှ ဖော်ပြလို့မရတဲ့ ပျော်ရွှင်မှုကြီးက ကျွန်တော်ကို ဘာပြောရမှန်းမသိအောင် ဖြစ်စေသည်။
“အော် နင်က မြန်မာလား။ ငါမေးတာ နင် ဘာဖြစ်သွားလဲ မေးတာ။တော်တော်နာသွားလား။”
အသံ ရှင်ကို မော့ကြည့်လိုက်တော့  မှုန်ဝါးဝါးပဲမြင်ရသည်။ သေချာတာကတော့  သူမ က ကျွန်တော် ကိုခါးထောက်ပြီး အပေါ်ကနေ မိုးပြီးမေးနေတာ ဖြစ်သည်။
“ဟို ကျွန်တော် မတ်တတ်ရပ်လို့ မရဘူး။ ခေါင်းတွေ မူး ပြီး မျက်လုံးတွေ ဝါးနေတယ်” ကျွန်တော် က ကျွန်တော် ဖြစ်ပျက်နေတာကို သူမကိုပြောပြလိုက်သည်။
” ဟ ဒါဆိုရင်တော့  နင် ကန်းပြီးဒုခိတ ဖြစ်တော့မယ်။ insuranceရှိလား” သူမ အသံက ကျွန်တော်ကို မသင်္ကာ လို့ ခနဲ့ နေတဲ့ အသံနဲ့ ။
” မြ အိုကေ ရဲ့ လား။” နောက်ထပ်အသံ တသံ.
“အိုကေ လား မအိုကေလား မွန် ပဲ ဆုံးဖြတ်တော့ ။ မြကန်လိုက်တာ ဖြေးဖြေးလေး။ အဲဒါ ဒီပုဂိုလ်က သူလမ်းလျှောက်လို့ မရတော့ ဘူး။ မှုန်ဝါးဝါးပဲ မြင်ရတယ်ပြောတယ်။ အဲလိုမှန်းသိရင် ကန်းအောင် ကန်လိုက်ပါတယ်။”
တဖြည်းဖြည်းနဲ့ ကျွန်တော့်ဘေးကို လူတွေအုံလာသလို ခံစားရတယ်။ အသံတွေ တယောက်တပေါက်နဲ့ ။ကျွန်တော် စိတ်အိုက်လာပြီး မတ်တပ်ရပ် ဖို့ ကြိုးစားကြည့်လိုက်သည်။ တခုခုကို အာရုံစိုက်ပြီး လုပ်မိလျှင် ကျွန်တော့် ခေါင်းကမူးလာသည်။
” ဟေ့  မောင်မင်းနိုင်..ဘယ်လို ဖြစ်တာလဲ” မဒီ၇ဲ့ အသံ။
“မဒီလား.. ကျွန်တော်ခေါင်းကို ဘောလုံးမှန်သိသွားလို့ ။ ခေါင်းတွေမူးပြီး လမ်းလျှောက်လို့ မရဘူး။ အသက်ရှူလည်းကျပ်လာပြီ။” ကျွန်တော် တကယ်လည်း အသက်ရှူမရတော့ ။ လူတွေက ကျွန်တော့်ပတ်ပတ်လည် ဝိုင်းမိုးပြီး ပိတ်ထားသလိုဖြစ်နေသည်။
“အ ဟ.. စောစောတုန်းကတော့ ကန်းခါနီးပြီ။ ခုကြည့်ရတာ သေခါနီးပြီနဲ့ တူတယ်။အသက်ရှူလို့ တောင်မရတော့ဘူးတဲ့ ။ ” မွန့် အသံနားထောင်ရတာ ကျွန်တော့်ကို မကျေနပ်တဲ့ အသံနဲ့ ။ မွန်က မြလား။ မြကမွန်လား။
” မြ.. ဒါယူလုပ်လိုက်တဲ့ ကိစ… ယူကိစ ယူ ရှင်းလိုက်။ အိုင်တို့ ဆက်ကစားထားလိုက်မယ်။သီတာကို ယူနေရာ ထည့်လိုက်မယ်။ ယူ လူကို ဆေးခန်းပို့ လိုက်”တယောက် ယောက်က ကျွန်တော့်ကို ဆေးခန်းလိုက်ပြပေးဖို့  မွန့် ကို ပြောနေသည်။
” အောင်မယ်။ ငါ ကန်တဲ့ ဘောလုံးမှန်တဲ့ သူတိုင်း ငါက ဆေးခန်းလိုက်ပြပေးရရင် ငါမှာ ဝတ်စရာတောင်ရှိမှာမဟုတ်ဘူး။ မွဲလွန်းလို့ ။” မွန် ဒီလို လက်ပေါက်ကပ်ပြီး ပြောတတ်မှန်းကျွန်တော့် မသိခဲ့။ မွန် က တကယ်ကို စွာတေးလေးပါလား။
“ကဲ ကဲ.. မြ အစား မွန်သွားလိုက်မယ်။ မြ ဆက် ကစားလိုက်။ဟုတ်ပြီလား” ဟော နောက်ထပ်မွန် ဆိုပါလား။
“သွား သွား.. ကစားရတာ အရှိန်ပျက်တယ်။ သူများတွေ ဘောလုံးကန်တာကို မမြင်ပဲ ဖြတ်လျှောက်တော့ ထိမှာပေါ့။ မွန်.. အခြေအနေမဟန်ရင် 995ကို သာခေါ်လိုက်”
မွန့် ကို ကြည့်ရတာ ကျွန်တော်ကို ဒီနေရာက အမြန်ပျောက်သွားစေချင်တယ်နဲ့ တူတယ်။
ကျွန်တော် သိထားတဲ့ မွန်ဆိုတာ တကယ်တော့ မြပေါ့။ ဒါဆို.. နောက်ထပ်မွန် က ရော..
……………………………………………………………………………..
အခန်း(၅)
“လာ ..လာ…့ကျွန်မတို့  ဆေးခန်းသွားရအောင်” မွန်ဆိုတဲ့  မွန်အသစ်ကလေးက ကျွန်တော့်ရဲ့ ညာလက်မောင်းကို သေချာ ထိန်းကိုင်ပြီး အတူတူတွဲလျှောက်လာတယ်။
ကျွန်တော်ကတော့ မှုန်ဝါးဝါးနဲ့  သူမနဲ့ အတူ sport complex က နေ ထွက်လာပြီး Cab စီးဖို့  လမ်းမကို နှစ်ယောက်သား ထွက်လာကြတယ်။
“လူကြီးမင်း တော်တော်နာသွားလား။” သူကလေး ကကျွန်တော့်အတွက်စိုးရိမ်ရှာတယ်နဲ့ တူတယ်။
“စောစောတုန်း က တော့ ခေါင်းတွေမူးပြီး ချာချာလည်နေတာပဲ။ ခုတော့ လေကို ဝ ဝရှူလိုက်ရလို့ လားမသိဘူး။ နည်းနည်းတော့သက်သာသွားတယ်။မျက်စိက သိပ်ကြည်ကြည်လင်လင်မမြင်ရသေးဘူး။”
“တော်သေးတာပေါ့ရှင်။ ကျွန်မကစိတ်ပူနေတာ။”သူ မက စိတ်သက်သာသွားတဲ့ ပုံစံလေးနဲ့ ပြောရှာတယ်။
“ဟော taxiလာ ပြီ။” သူမ က ပြောပြောနဲ့  taxiလည်းလာရော ကျွန်တော့်ကို အရင်ဝင်ထိုင်ခိုင်းပြီး သူကကျွန်တော့်ဘေးကနေ အတူထိုင်လိုက်လာတယ်။
ကျွန်တော် မမြင်ဖူး မသိဖူး မတွေ့ ဖူးတဲ့  ကောင်မလေးတယောက်နဲ့ taxi အတူတူစီးခြင်းဟာ ဒါပထမဆုံးအချိန်ပဲ။
ကိုယ်အတွေးနဲ့ ကိုယ်တွေးနေခိုက်..
“ကျွန်မလေ စောစောတုန်းက အရမ်းလန့် သွားတာ။ ရှင်လျှောက်လာတာကိုလည်း မြင်လိုက်တယ်။ ကျွန်မ သူငယ်ချင်းဘောလုံးကန်လိုက်တာကိုလည်းမြင်လိုက်တယ်။ရှင် ကို ဘောလုံးမမှန်ပါစေနဲ့ လို့ ဆုတောင်းတာ ဆုတောင်းမပြည့်လိုက်ဘူး။အဲဒီအတွက်ကျွန်မ စိတ်မကောင်းပါဘူး”
“ခင်ဗျာ” ကျွန်တော် အံ့ဩသွားတယ်။ သူကဘာလို့ ကျွန်တော့်အတွက် ဒီလောက်တောင်စိုးရိမ်နေရတာလဲ။
“အ ဟား ရှင် အံ့ ဩသွားလားမသိဘူး။ ကျွန်မ ရှင်ကိုသိနေတာ တနှစ်နီးပါးလောက်ရှိပြီ။ ရှင်ကို ပထမဆုံးစတွေ့ တာ cityhallမှာ။ ကျွန်မသူငယ်ချင်းတွေနဲ့ ထမင်းစားရင် တွေ့ တာ။ အဲဒီတုန်းကရှင်က ကောင်မလေးရှိတယ်နော်။”
“ဟုတ်လား” ကျွန်တော်အရှက်ပြေ ပြန်မေးလိုက်သည်။
“နောက်တော့  interpoly matchတွေ လိုက်ကြည့်ရင်းနဲ့ ရှင်ကို တွေ့ ပြန်တယ်။ ရှင်က အပြေးသန်တယ်နော်။ ဒါကြောင့်လည်းMid fieldကစားတာကိုး။ရှင်နဲ့  ချစ်သူဖြစ်တဲ့ ကောင်မလေးကတော့ ကံကောင်းမှာပဲနော်။” သူမက အပြစ်ကင်းစင်စွာ ထင်မျက်ချက်တွေပေးနေသည်။
ကျွန်တော်နဲ့ တွဲတဲ့ ကောင်မလေးတွေကံကောင်းသလောက် ကျွန်တော်ဘယ်လောက်ကံဆိုးလည်းဆိုတာကို သူကလေး သိရောသိရဲ့ လားမသိဘူး။
“အဟီး.. ကျွန်မ စကားအရမ်းများတယ်နော်”
“မများပါဘူးဗျာ။ကျွန်တော့်ကောင်မလေးနဲ့ ဆိုင်ရင်တော့ တော်ပါသေးတယ်။ ကျွန်တော့်ကောင်မလေးဆိုရင် ဘောလုံးပွဲတပွဲစာကို သူတယောက်တည်း ဒိုင်ခံပြောတာဗျ။
ပြီးတော့ ခင်ဗျားနဲ့ ကျွန်တော့် ကောင်မလေးက နာမည်တူသေးတယ်ဗျ။ သူနာမည်လည်း မွန်ပဲ” ကျွန်တော်က ကျွန်တော့်ရဲ့ မွန်အကြောင်းကိုပြောလိုက်တယ်။
“အို တကယ်လားရှင်။ တိုက်ဆိုက်လိုက်တာနော်။” ဒီတခါတော့ သူမ က အံ့ဩသွားတယ်။
စကားပြောကောင်းလိုက်ကြတာ taxi ရပ်မှာပဲ ဆေးခန်းရှေ့ ရောက်မှန်းသိကြတော့တယ်။taxiပေါ်ကဆင်းတော့ ကျွန်တော် တော်တော်သက်သာနေပြီ။ မျက်စိလည်းတော်တော်ကြည်လင်သွားတယ်။ ကားပေါ်ကအဆင်း သူမက လက်ကို ကမ်းပေးတယ်။ မသိရင် ရုပ်ရှင်ထဲက မင်းသားက မင်းသမီးကို လက်ကမ်းပေးတာနဲ့ တူနေတယ်။သူမရဲ့ လက်ကလေးကို လှမ်းဆွဲပြီး မော့ကြည့်လိုက်တော့ ..အပါးပါး….
ManU girlလေးပါလား။ Spikeyနဲ့ ကောင်မလေး။ မျိုးဇော်တို့ ကို အီးပိတ်အောင်လုပ်သွားတဲ့နေ့ လည်ကကောင်မလေး။
“ဟို ကျွန်တော် ဆေးခန်းမသွားချင်တော့ဘူး။ သက်သာနေပြီပဲ။ ဟောဒီက မွန်ကလည်းကျွန်တော့်ကို အကူအညီပေးနိုင်သလောက်ပေးပြီး။ ကျွန်တော် တောင်taxi အလကားလိုက်စီးသလိုဖြစ်နေတယ်”
“တကယ်လား ရှင်။ ကျွန်မကတော့ ရှင်ကို စိတ်ပူတုန်းပဲ” သူမရဲ့ စိတ်ပူနေတဲ့ မျက်နှာလေးကိုမြင်တော့  ဘာမှန်းမသိ။ ကျွန်တော့် တကိုယ်လုံး ကျင်တတ်သွားတယ်။
“ကဲ ပါ။ ကျွန်မတို့ ၂ယောက် ဒီအတိုင်းလမ်းဘေးမှာ မတ်တတ်ရပ်နေမယ့်အစား.. တခုခု စားကြတာပေါ့။”
“မွန့် သဘောပါပဲ။” ကျွန်တော့်မငြင်းမိလိုက်။
ထိုအခိုက်…
ခေါင်းထဲ အကြံတခု ဝင်လာသည်။
အဲဒါကတော့  မွန့် ရဲ့ ဖုန်းနံပါတ်ကို ခေါါ်ဖို့ ပဲ။
တကယ်လို့ သူသာ ဖုန်းကိုင်ရင် သူမ ဟာ ကျွန်တော့်ရဲ့ မွန်လေးပေါ့။..
သူမကတော့ ကျွန်တော့်ဘေးကနေ ဘာမမှမသိပဲ လျှောက်နေသည်။
ကျွန်တော့် hpကို ထုတ်ပြီး.. မွန့် ရဲ့ နံပါတ်တွေကို တခုချင်းနှိပ်အပြီး…
ဖုန်းကို နားနားခိုက် နားထောင်လိုက်တဲ့ အခါ…..
……………………………………………
“Where’d you go?
I miss you so,
Seems like it’s been forever,
That you’ve been gone.”
ကျွန်တော့် နားထဲက fort minor’s ring toneကို သဲ့ သဲ့လေးစပြီး ကြားလိုက်ရတယ်။ တဖြည်းဖြည်းနဲ့ အသံကကျယ်လာတယ်။ မွန် ဘက်ကိုလှည့်ကြည့်လိုက်တော့  သူမက အိတ်ထဲက တစုံတခုကို နေတယ်။ရင်ခုန်စွာနဲ့ ဆက် စောင့်ကြည့် လိုက်တော့  သူမက အိတ်ထဲကနေ hp ကိုထုတ်ပြီး “hello”တဲ့ ။
ကျွန်တော့်ရင်ခုန်သံတွေရပ်တန့် သွားသလားတောင် ထင်ရတယ်။ ကျွန်တော်ပိုသေချာသွားအောင် မွန်ဘက်လှည့်ပြီး
“ဟဲလို မွန် လားဟင်” လို့ မေးလိုက်တဲ့ အခါ သူမ က ကျွန်တော့်ကိုဘာပြောရမှန်း မသိတဲ့ ပုံစံလေးနဲ့  ကျွန်တော့်ကိုပြန်မော့ကြည့်နေတယ်။
” ဟို..ဟို…” သူခိုး လူမိတဲ့ ပုံစံနဲ့ ဖုန်းကို လက်ကကိုင်ပြီး မျက်နှာငယ်လေးနဲ့  တဟိုဟို ဖြစ်နေရှာတယ်။
“မင်း မွန်လား။” ကျွန်တော်ဒီမေးခွန်းကိုပ်မေးမိတယ်။ ကားလမ်းဘေးမှာ နှစ်ယောက်သား ဖုန်းကိုင်ပြီး တယောက်မျက်နှာ တယောက်အံ့ဩစွာကြည့်နေလိုက်တာ ဘယ်လောက်ကြာသွားလည်း မသိဘူး။
ခုတော့ကျွန်တော်မြတ်နိုးရပါတဲ့ မွန်ကို ကျွန်တော့်မျက်စိရှေ့ မှာတွေ့ လိုက်ရတယ်။
ကျွန်တော် ဘာမှန်းမသိ မွန် ကို ဖက်ထားမိလိုက်တယ်။
“မွန် ရယ် မင်းကိုငါလိုက်ရှာနေတာ ကြာပြီကွာ။ မင်းကိုတွေ့ ချင်လွန်းလို့  ငါ့မှာရူးရတော့မယ်။”
“လွှတ်ပါရှင်။ ကားလမ်းဘေးကြီးမှာ”
“မလွှတ်ချင်ဘူးကွာ။ လွှတ်လိုက်ရင် မင်းငါ့ရင်ခွင်ထဲကထွက်ပြေးသွားမှာစိုးတယ်။”
“မင်းက ဖုန်းထဲက chatထဲက ထက်စာရင် အပြင်မှာပိုနူးညံ့တယ်နော်။ မင်းကိုငါ အရမ်းမြတ်နိုးခဲ့ တယ်။ ခုထိလည်းမြတ်နိုးနေတုန်းပဲ။ခုလို မမျှော်လင့်ပဲတွေ့ ရတော့ ငါဘယ်လို ပြောရမှန်းမသိတော့ဘူးကွာ။ ကျေးဇူးပြုပြီးတော့ ငါ့ကိုမရှောင်ပါနဲ့ ကွာ။”
“ကဲ ပါ။ လွှတ်ပါရှင်။ ကျွန်မ ကြောက်လာပြီ။”
“ဆောရီး ကွာ.. မင်းကို ခြောက်သလိုဖြစ်သွားပြီ။”
“ကဲ ရှင်တကယ် သက်သာတယ်ဆိုရင်လည်း မွန်ပြန်တော့မယ်။ တကယ် ဆေးခန်းမပြဘူးနော်”
“တကယ် သက်သာသွားပြီ။ မင်းကိုတွေ့ လိုက်လို့  ပိုလို့ တောင်အားရှိသွားပြီ။ မင်းနဲ့ နောက်နေ့ တွေ ထပ်တွေ့ လို့ ရသေးလား။ မင်းက ငါတို့ ကျောင်းမှာ trainingလာလုပ်တာလား”
“အရင်ကတော့ လုပ်တယ်။ ခုတော့ ခြေထောက်က ဒဏ်ရာရထားလို့ ခဏ နားထားတယ်”
“ဖြစ်ရလေ မွန်ရယ်။ခုတော့ ရော”
“ခုတော့ သက်သာသွားပါပြီ။ အနားယူထားတုန်းပဲ။ကဲ ပါ။မွန်သွားတော့ မယ်။ smsပို့ လိုက်နော်”
“အိုကေ မွန်။ စောစောတုန်းက မင်းကို ယောင်ပြီး ဖက်လိုက်တာ ဆော၇ီးနော်။”
“ဟုတ်..”
ဟုတ် လို့ တခွန်းတည်းပြောပြီးထွက်ပြေးသွားသည်။မွန့် ရဲ့ နောက်ကျောကိုသာကြည့်ရင်း ဒီညတော့  ကျွန်တော်ဟာ ကမာပေါ်မှာအပျော်ဆုံးလူသားတယောက်ဖြစ်သွားပြီ။
…………………………….
အခန်း(၆)
ထိုအချိန်တွင်..future poly sport complexဍ္ဍ်
” မြ နင် အိတ်ထဲမှာထည့်ထားတာရော သေချာရဲ့ လား။နင်ကလည်းဟယ် တခါမှ မပျောက်ဖူးပဲနဲ့ ”
“မပျောက်ဖူးလို့  ခုပျောက်တာပေါ့”
“ကွိုင်ပဲ။.. အိမ်က မာမီသိလို့ ကတော့  ငါတော့  နားကို ဂွမ်းစို့ ထားရမယ်”
“ဒီလောက်လည်းပူမနေပါနဲ့ ။ နင့်ဖုန်းထဲမှာ ဟို ပုံတွေမှမရှိတာ။ပျောက်သွားလည်းအသစ်ဝယ်လိုက်ပေါ့။ မဝယ်နိုင်တဲ့ သူတွေကျနေတာပဲ။” သီတာက ဘာမှမဖြစ်သလို ပေါ့ပေါ့ပျက်ပျက်ပြောလိုက်တယ်။
“ကဲ ပါမြရယ်။ ရှာမနေပါနဲ့ တော့  ဖုန်းလေး ဘာလေး လှမ်းဆက်ကြည့်ပေါ့။တွေ့ ရတဲ့ သူက သူတော်ကောင်းဆိုရင် ပြန်ဖြေမှာပေါ့။”စံပယ်က နှစ်သိမ့်ရှာတယ်။
“ဒါဆိုလည်း ငါ့ကိုဖုန်းခဏ ငှား။ စံပယ် နင့်ဖုန်းငါ့ကို ပေး”
မြ ဖုန်းကို ခေါ်လိုက်တယ်။
တဖက် ကလူက reject လုပ်လိုက်တယ်။အဲလိုနဲ့ ခေါ်တာ ၁၀ခါပြည့်တော့မယ်။နဂိုက စိတ်မရှည်တာနဲ့ ..
“သေချင်းဆိုး ကားတိုက်ပြီးသေပါစေတော်”
သူငယ်ချင်းတွေက မြကို မနည်းချော့ယူပြောရသည်။
“ဘယ် သူခိုးက သောက်ကျင့်ယုတ်ပြီး အိတ်တွေအားလုံးထဲမှာ ဖုန်းရှိတာ ဘယ်ကြောင့် ငါ့အိတ်ထဲကဖုန်းကို ခိုးသွားရတာလဲ။ရေလည်တင်းတယ်။”
“ဟာ… ခုမှသတိရတယ်။ ဒို့ တွေ ကစားတုန်းက မွန်ရှိတယ်လေ။သူကို မေးကြည့်ပါလား။” ခင်ခင် ကဝင်ပြောလိုက်မှ မြလည်း သတိပြန်ဝင်လာသည်။
“ဟုတ်သား ပဲ။ မွန်တယောက်လုံး အိတ်ထားတဲ့ နေရာမှာရှိတာနေတာ။”
“ဒီည တော့ ရေလည် စိတ်ပိန်ဖို့ ကောင်းတယ်။ ညနေ တုန်းကလည်း ကျုပ်ကန်လိုက်တဲ့ ဘောလုံးက ငနဲ တကောင်ကို သွားထိတယ်။ ခုကျတော့လည်း ဖုန်းကပျောက်ပြန်တယ်။”
စိတ်ပျက်ပျက်နဲ့  ကျုပ် taxiငှားပြီး ပြန်လာခဲ့တယ်။ အိမ်က မာမီသိလို့ ကတော့ တကယ်ပဲ ဒီညတော့ အိပ်လို့ ရမှာမဟုတ်တော့ဘူး။ ဘောလုံးသွားကန်ရင်းနဲ့ ဖုန်းပျောက်ခဲ့ တယ်ဆိုရင် ပိုလို့ တောင် နားရွက်လိမ်ခံထိမှာ။
taxiပေါ်က ဆင်းတော့ ၉နာရီထိုးနေပြီ။ မနက် ၅နာရီထဲက အိမ်ကထွက်လာတာ။ အိမ်သော့ပါရဲ့ လား တချက်စမ်းမိလိုက်တယ်။ တော်သေးတယ်။ပါလာလို့ ။ဓါတ်လှေခါးထဲရောက် တော့  အိတ်ထဲက ဘောင်းဘီရှည်ကို အမြန်ထပ်ဝတ်လိုက်ရတယ်။
အိမ်ရှေ့ ရောက်တော့ တံခါး ဖွင့်မယ် အလုပ် ..ထင်ထားတဲ့ အတိုင်းပဲ.. မာမီက မားမားကြီးခါးထောက်ရပ်စောင့်နေတယ်။
“မြ တနေ့ ကုန် တနေ့ ခမ်းဘယ်လျှောက်သွားနေတာလဲ အထုပ်တွေအပိုးတွေနဲ့ ”
“ကျုပ် တို့ ကျောင်းက community service ရှိလို့  pulau Ubinမှာ အမှိုက်သွားရှင်းနေတာ”
“အမှိုက်သွားရှင်းတာ တနေကုန်ကြာရအောင် ညည်းက တကျွန်းလုံး ဒိုင်ခံအမှိုက်လိုက်ကောက်နေရလို့ လား။”
“ဟာ… မာမီ ကလည်း ပင်ပန်း ရတဲ့ ကြားတဲ့  ကျုပ်မာမီလို့ ကိုမပြောရဘူး။ တော်တော်လက်ပေါက်ကပ်တယ်။ ဒါကြောင့်ပြောတာပေါ့ မာမီတို့ ကို plastic bagsတွေ လျှော့သုံးပါလို့ ။မာမီတို့ စွပ်ရမ်းသုံးလို့ ကျုပ်တို့ စွတ်ရမ်းကောက်နေရတာပေါ့။ရော့ အထုပ်တွေ ကူသယ်ပေးအုံး။ တံခါးပိတ်မလို့ ” ကျုပ်လည်း စိတ်ပေါက်ပေါက်နဲ့ ပြန်လက်ပေါက်ကပ်လိုက်တယ်။
“ဒါနဲ့ မွန်ပြန်လာပြီလား”
“ပြန်လာပြီလေ.. သူအခန်းထဲမှာပေါ့။”
“ဟုတ်လား.. .ေ၇ချိုးပြီးမှပဲ သူကို သွားမေးလိုက်အုံးမယ်”
အခန်းထဲအမြန်ဝင်ပြီး shoe bagကို ဘီရိုထဲထည့်ပြီး အဝတ်တွေနဲ့ ထပ်ပြန်အုပ်ထားလိုက်တယ်။
ဆံပင်ကို ဖြေချလိုက်ပြီး ရေချိုးဖို့  ပြင်လိုက်တယ်။
ဟော ခုမှသတိရတယ်။ ကျုပ်phone lineကို disconnectလုပ်ရအုံးမယ်။ ဒါမှ ဖုန်းသူခိုးက ဘယ်သူဆီမှ ဆက်လို့ မရမှာ။ ဧည့်ခန်းထဲသွားပြီး ဖုန်းဆက်မယ်လို့ တော့  အိမ်ဖုန်းကပျောက်နေတယ်။ ဒါနဲ့ မွန် အခန်းဖက်လှည့်ကြည့်တော့  တံခါးအောက်က အိပ်ခန်းမီးက လင်းနေတာကို သတိထားမိလိုက်တယ်။ ကြည့်ရတာဖုန်းပြောနေတယ် နဲ့ တူတယ်။
“ဒေါက်.. ဒေါက်..ဒေါက်”
“wait a min”
“မွန် မြကို ဖုန်းခဏပေးပါ။ singtelကို ဖုန်းဆက်ချင်လို့  ။ ”
မွန် က အိမ်ဖုန်းကို ပြန်ပေးပြီး တံခါးကိုချက်ချင်းပြန်ပိတ်လိုက်တယ်။ ကြည့်ရတာ ညနေတုန်းက ငနဲ ကိစကို စိတ်တိုသွားလို့ နဲ့ တူတယ်။ အေးလေ။ သူလုပ်တာမဟုတ်ပဲနဲ့  ကြားကနေ တစိမ်းယောကျာ်းလေးတယောက်ကို ဆေးခန်းလိုက်ပို့ ပေးရတယ်ဆိုတော့  အီးပိတ်မှာပေါ့။
ကျုပ်လည်းအတွေးစကို ဖျက်ပြီး singtelကို ဖုန်းဆက်ပြီး လိုင်းကိုပိတ်လိုက်ရတယ်။ဟူး …မာမီတို့ မသိအောင် အလုပ်ကို ခိုးပြီးပိုလုပ်ရတော့မယ်။ ဒါမှ ကျုပ် hp အသစ်မြန်မြန်၇မှာ။
မနက်ဖြန်ကျရင် coach ကိုပြောထားရအုံးမယ်။coach ကလည်း လူပုသလောက် စိတ်လေးရှည်လို့ တော်သေးတယ်။ မဟုတ်ရင် သူ ဖုန်းဆက်တာမကြိုက်လို့ ဖုန်းဖျောက်ပစ်တယ်ပြောနေအုံးမယ်။
………………………………………………..
အခန်း(၆)
ဟုတ်တယ်။ မွန်နဲ့ တွေ့ ပြီးအိမ်ပြန်လာတော့ မိုးတွေရွာနေတယ်။ ဘာရယ်တော့မဟုတ်ပါဘူး။ မိုးရေထဲလျှောက်မိခဲ့ တယ်။ရင်ထဲမှာ ဘယ်လို ပြောရမလဲမသိဘူးဗျာ။ ကိုယ်အရမ်းမြတ်နိုးတဲ့ အရာတခု (အဲလို မဟုတ်ဘူး) ကိုယ်အရမ်းမြတ်နိုးတဲ့  နှစ်ချီပြီးတွေ့ ချင်တဲ့ မိန်းကလေးတယောက်နဲ့ ညနေစောင်းတခု ကိုအတူကုန်ဆုံးခွင့် ရလိုက်တာ အဲဒီတိုတောင်းလှတဲ့ အချိန်လေးတွေ ကို ဘယ်တော့မှမေ့ ရမှာ မဟုတ်ဘူး။
ကျွန်တော် ပြောနိုင်တာတခုက ရင်ထဲမှာ အရမ်းပျော်တယ်ဗျာ။
ကိုယ်အတွေးနဲ့ ကိုယ်လျှောက်လာတာ တိုက်နားတောင်ရောက်လာပြီ။ဒီညတော့  ဖျားမလား မသိဘူး။ ဖျားစေ ဗျား။ ချစ်တဲ့ သူ အကြောင်း မိုးရေထဲ တွေးပြီး လျှောက်လို့ ဖျားတယ်ဆိုလည်း ကျေကျေ နပ်နပ်ကြီး ဖျားပစ်လိုက်မယ်။ မွန်ရေ.. ဒီတခါတော့  မင်းကို ငါ ဘယ်တော့မှအပျောက်မခံတော့ဘူး ကွာ။ မင်းကို ငါရအောင်ယူမယ်။
အိမ်ေ၇ာက်တော့  ရေနွေးနဲ့ ရေချိုးလိုက်တယ်။ မအိပ်ချင်သေးတာနဲ့  မွန်ဆီကို ဖုန်းခေါ်ရင်ကောင်းမလား စဉ်းစားမိတယ်။ အင်းလေ။ လူချင်းတောင် တွေ့ ပြီးမှာတော့  ခုဖုန်းခေါ်လိုက်ရင် အရင်လို စိတ်တော့မကောက်နိုင်ကောင်းတော့ပါဘူး။
မွန် ဆီကို ဖုန်းခေါ်လိုက်ကြည့်လိုက်တယ်။
” the number you have dialed is currently not in service. please try again later”
ဒီmessage က ခေါ်တိုင်း ဖြေနေတယ်။ မွန်ခြေရာ ဖျောက်သွားပြန်ပြီနဲ့ တူတယ်။ ကိစစ မရှိဘူး။
နောက်တပတ် မဒီတို့  training ကျရင် မွန့် ဖုန်းရော .. ကျော်ထွန်းရဲ့ မြမာယာမွန် ဖုန်းနံပါတ်ရော တခါတည်းတောင်းလိုက်မယ်။
ထိုစဉ် ဖုန်းcall တခုဝင်လာသည်။
” ဟဲလို နိုင်လား မွန် ပါ။”
“မွန်? မင်းဆီကို ငါ စောစောက ဖုန်းဆက်တယ်။ လိုင်းပိတ်ထားလို့ မင်း ငါကို ရှောင်ပြန်ပြီထင်နေတာ။”
” မဟုတ်ရပါဘူး နိုင်ရယ်။ နိုင်နဲ့ တွေ့ ပြီး မွန် ဖုန်းပျောက်သွားလို့ ။ လိုင်းအသစ်နဲ့ ဆက်လိုက်တာ။နောက်ဆို ဒီ ဖုန်းနံပါတ်ကိုပဲဆက်နော်။အရင်နံပါတ်က လိုင်းပြည့်ခါနီးတော့ မွန်လည်း ပြန်မသုံးချင်တာနဲ့  လိုင်းပိတ်လိုက်ရတာ။”
” မွန် မင်း အသံကပြောင်းသွားသလို ပဲ။ အရင်လို စွာတေးလန် အသံမဟုတ်တာတော့သေချာတယ်။ ပြီးတော့ မင်းနဲ့ ငါနဲ့ စကားပြောရင် မင်းငါ့ ကို ဘယ်တုန်းကမှ “နိုင်”လို့ မခေါ်ခဲ့ဘူး။”
ဟုတ်တယ်။ကြည့်စမ်း။ ခုမှသတိထားမိတယ်။ မွန့် ရဲ့ အသံတွေဟာ ကြည်လင်ပြီးနူးညုံနေတယ်။ အေးချမ်းနေတယ်။ ယဉ်ကျေးနေတယ်။
“အော..နိုင်ရယ်. .အရင်က လူချင်းမှ မတွေ့ ခဲ့ တာ။ မွန် ဘယ်လို ပြောပြော ကိစစမရှိဘူးလေ။ခုလို အမှတ်မထင်တွေ့ ခဲ့ ပြီးတဲ့ အချိန်မှာတော့ အပြောအဆို ဆင်ခြင်ရမှာပေါ့။ နိုင် ပဲ အရင်က မွန်စကားပြောရင် ရိုင်းတယ်ဆို”
” အဟား ဟား ဟုတ်ပါပြီဗျာ။ ခင်ဗျားလေးက အတည်ပြောတယ်ဆိုလည်း ကျွန်တော်လည်း ပြောပြီးသုံးပါတော့မယ်။ ”
အဲဒီည က မွန် နဲ့ စကားပြောတာ မနက် ၅နာရီထိုးသွားတယ်။ ဘောလုံးအကြောင်းကလွဲရင် ဘာမှမပြောတတ်တဲ့ မွန် ဟာ အဲဒီညက စကားတွေအများကြီး ကျွန်တော့်ကိုပြောခဲ့ တယ်။
အတန်းက ၈နာရီ စ ပေမယ့် မထ ချင်တော့ တာနဲ့ ဆက်အိပ်လိုက်တယ်။
ဘာပဲဖြစ်ဖြစ် ၁နာရီအတန်းတော့တက်လိုက်ပါမယ်။ ကိုယ်ကို ကိုယ် ဆင်ခြေပေးပြီး အိပ်ယာထဲမှာ ပြန်ကွေးလိုက်တယ်။
ဝေးကွာ ဖို့ အတွက် တွေ့ ဆုံ ခြင်းတခု..
၁နာရီထိုးခါနီးတော့  ကျောင်းMRTမှာ ပြသာနာ စတော့တာပဲ။
အတန်းတက်ခါနီးဆို ezlink card tapလုပ်တဲ့ 
entrancesမှာ လူတွေက အမြဲ ကျပ်နေတယ်။
ကျွန်တော်လည်း လွတ်တဲ့ entranceမှာ tapလုပ်ဖို့  ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ထဲက အထုတ် နောက်ကနေ..
“ရွှေ လို့ မပြောရဘူး။ ကြားဖြတ်တဲ့ နေရာမှာ ရှေ့ ဆုံး က”
ကျွန်တော် တော်တော်တင်းသွားတယ်။
လှည့်ကြည့်လိုက်တော့  ဟို တခါက တွေ့ လိုက်တဲ့ cityhallက စလုံးမ ပါလား။ ဒင်းကဘယ်လိုလုပ်ဒီရောက်နေတာပါလိမ့်။ ဘုရား ဘုရား ဒီကျောင်းက တော့မဖြစ်ပါစေနဲ့ ။
” tapပြီး ရင် သွားလေ။ ဘာကြောင်ကြည့်နေတာလဲ။”
လက်စ သတ်တော့ အမိ က မြန်မာမလေးပါလား။ ဘယ်အညိုးနဲ့ ကျွန်တော်ကို ဒီလောက်ကြည့်မရဖြစ်နေလဲမသိဘူး။
“သွားမှာပေါ့။ ဒီ gate ကို မင်းတယောက်တည်း ပိုင်တာမဟုတ်ဘူး။”
“အေး ငါကို လာမရွဲ့ နဲ့ ။ ငါ့လက်သီးက လူမရွေးဘူး။” အမိက တချက်မခံ ကျွန်တော်ကို ပြန်ပြောတယ်။ တော်တော် စိတ်ကြီးတဲ့ အမိပဲ။
” ကြာသလားလို့ ။ MRT ဟိုဘက်အခြမ်းမှာစောင့်နေမယ်။ လက်မရွေးရင်လာခဲ့ ။” ကျွန်တော့် သူမကို စ ချင်သွားတယ်။ သူ မ က သူမတကိုယ်လုံးဝင်လို့ ရတဲ့ အိတ်ကြီးကို ပခုံးမှာ လွယ်ပြီး ဘယ်ဘက်က shoe bag ညာဘက်က တတောင်လောက်ရှိတဲ့  ရေဘူးကြီးနဲ့  ဘယ် လက်ကများ အားနေလို့ ကျွန်တော့်ကို လက်သီးနဲ့ ထိုးချင်နေလဲမသိဘူး။
ခပ်တည်တည်နဲ့  ကျွန်တော့် MRT တဘက်ခြမ်းမှာစောင့်နေလိုက်တယ်။
သူမ က ထွက်လာပြီး ကျွန်တော့်ဆီ တန်းတန်းကြီးလျှောက်လာသည်။ ကျွန်တော့်မျက်လုံးတွေက မျက်မှောင်ကြုတ်ပြီး စူးစူးကြီးကြည့်နေသည်။
” အေး လက်က တော့ ကိုင်ထားလို့ မအားဘူး။ ခြေထောက်ကတော့အားနေတယ်။ ကဲဟာ။”
သူမ စကားအဆုံး ကျွန်တော့် ညာခြေထောက်တခုလုံး အရိုးတွေ အက်သွားမလား ထင်ရလောက်အောင် နာကျင်သွားသည်။
ကျွန်တော့် ညာခြေပေါ်ကို တချက် ခုန်တက်ပြီး လှည့်ထွက်သွားသည်။
လှည့်လို့ တောင် မကြည့်။
ကျွန်တော် တော်တော်လေးရှက်သွားတယ်။ MRTကြီးမှာ လူတွေဒီလောက်များနေတာ။ ဒင်းကတော့ ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိဘူး။ လမ်းလျှောက်မြန်ချက်ကတော့  မော်တာတက်ထားသလား အောင်းမေ့ရတယ်။
ခြေထောက်နာနာနဲ့  တဖြည်းဖြည်းလျှောက်လိုက်ရတယ်။
တွေ့ ကြသေးတာပေါ့ကွာ။ နောက်တခါ တွေ့ လို့ ကတော့ ငါ့အလှည့်ပဲ။ မင်း ငါ့လက်ကမလွတ်စေရဘူး။
အဲလိုနဲ့ ကျွန်တော့် ဘဝ ထဲကို မေ့လို့ မရတဲ့  မိန်းကလေး၂ယောက် ဝင်ရောက်လို့ လာခဲ့ တယ်။
……………………………….
အခန်း(၇)
“မြမာယာမွန်”
အမေက တော့ ဘာစိတ်ကူးနဲ့ ဒီနာမည်ကို ပေးခဲ့ လဲမသိဘူး။ကြည့်ရတာ မြန်မာပြည်မှာ ဆိုရင် နာမည် တခု ဟာ ရှည်လေ ကောင်းလေ လို့ သတ်မှတ်ထားကြတယ်နဲ့ တူတယ်။
ကျုပ်ကိုတော့ သူငယ်ချင်းတွေ က မြ လို့ ခေါ်တယ်။ မြန်မာ ပြည် ကြီး ကို ကျုပ်မြင်ဘူးချင်တယ်။ဒါပေမယ့် ကျုပ် ပြန်လို့ မရဘူး။ ကျုပ်အမေကို ကျုပ် ဘိုးဘွားတွေက အမွေ စွန့် ထားကြတယ်။ ကျုပ် အဖေ က မလေး လူမျိုး မို့ လို့ ။ ဘာသာ မတူ လူမျိုးမတူ တဲ့ သူတယောက်နဲ့ ယူခဲ့ ကြလို့  သူတို့ သေရင်တောင် သူတို့ အသုဘ ကို မလာနဲ့ လို့ အမေ့ ကို မှာထားတယ်။
အမေ့ ကတော့ ဝမ်းနည်းနေတယ်။ ကျုပ်ကတော့  ဒီလောက် ဖင်ခေါင်းကျယ်တဲ့ အဘိုးကြီး နဲ့ အဖွားကြီးသေ လည်း ဂရူမစိုက်ဘူး။ ကျုပ်ဘဝ မှာ ကျုပ် ဗမာ သွေး တဝက်ပါတယ်ဆို တာ မွန်တယောက်ပဲသိတယ်။ မွန်ဆိုတာ.. ကျုပ်အမေ အကိုရဲ့ တဦးတည်းသောသမီး။ သူကို primary school လောက်ထဲ က သူ့ အဖေ ကို ကျုပ်အမေဆီ ပို့ လို့  ကျုပ်နဲ့ ဆို ညီမတွေလို တောင်ဖြစ်နေပြီ။
ကျုပ်မှာ ဘာမောင် နှမ မှမရှိဘူး။ အဲဒီအကြောင်းပြောရရင်တော့ သေသွားတဲ့ အဘိုးကြီးနဲ့ အဖွားကြီးအပြစ်ပေါ့။ ဒါကြောင့်လည်း ကျုပ်က သူတို့ ကို အသေမုန်းနေတာ။ ကျုပ်ကိုလည်း မွေးပြီးရော မြန်မာနိုင်ငံကနေ ဖုန်းဆက်တယ်။ သူတို့ မျက်နှာကို အိုးမဲမသုတ်ချင်ရင် မျိုး မစစ်တွေ ဆက်မမွေး ပါနဲ့ တော့တဲ့ ။ ကြည့်စမ်း။ ဘယ်လောက်တောင် ဒေါကီးဖို့ ကောင်းတဲ့ လူတွေလည်းဆိုတာ။ မိဘ စကားကို ကိုယ် ချစ်မိတဲ့ သူနဲ့ ယူမိခဲ့ တချက်က လွဲပြီး ကျန်တဲ့ အချိန်တိုင်း နားထောင်ခဲ့ တဲ့ အမေဟာ ကျုပ်ကို လည်းမွေးပြီးရော daddyနဲ့ အခန်းခွဲပြီးအိပ်တော့တာ ကျုပ်တသက်ပဲ။ ကျုပ်ကတော့  daddy ကို ချစ်တယ်။ သူ့ ဟာသူ ဘာအရောင်ပဲ ဖြစ်ဖြစ် ကျုပ်အဖေပဲဟာ။ ကျုပ်အဖေဟာ အရမ်းတော်တဲ့ ဘောလုံးသမား တယောက်။သူ့ သွေးတွေ ကျုပ်ထဲပါလို့  ကျုပ်လည်း ဘောလုံးကစားတာကို အရမ်းဝါသနာပါခဲ့ တယ်။ ကျုပ်ကစား တာ အားကျလွန်းလို့  မွန်ပါ ကျုပ်နဲ့ အတူလိုက်ကစားရင်းနဲ့  ကျုပ်တို့ နှစ်ယောက် နာမည်ကြီးလာတယ်။ clubတွေ ကလာလာ ခေါ်ပေမယ့် အိမ်က မျိုးချစ်တဲ့ အမေ သိမှာစိုးလို့ ငြင်းခဲ့ ရတယ်။
မှတ်မှတ်ရရ ကျုပ် ပေါ်လီ တက်တော့ school team မှာ မြန်မာ အစ်မကြီး တယောက်ပါတယ်။ အဲဒါနဲ့ ကျုပ် လည်း ကျောင်း squadထဲ ပါသွားတယ်။သူ က စလို့  မြန်မာမိန်းကလေး ဘောလုံးအသင်းလုပ်မယ်တော့  ကျုပ်မပါချင်ဘူး။ ကျုပ်က မြန်မာအစစ်မှမဟုတ်တာ။ ကျုပ်ငြင်းခဲ့တယ်။ ကျုပ်ရဲ့ အဘိုးနဲ့ အဘွားက စလို့ မြန်မာဆို သိပ်ပြီး စိတ်က ကြည်ချင်တာမဟုတ်ဘူး။ ဒါပေမယ့် မွန် က အတင်း အဆွယ်ကောင်းလို့  ကျုပ် join ခဲ့တယ်။
ကျုပ်ဘဝ မှာ ကျုပ်မိသားစုရယ်.. ကျုပ်သူငယ်ချင်းတွေရယ် ကျုပ် ရဲ့ ဘောလုံးဝါသနာရယ် ကလွဲလို့  ဘာမှ စိတ်ကူးမရှိတဲ့ အချိန် ကျုပ်ဘဝ ထဲကို ယောကျာ်းတယောက်ဝင်လာတယ်။
စိတ်မကောင်းက သူက မြန်မာလူမျိုးဖြစ်နေတယ်။ သူ့ နာမည်က ကျော်ထွန်းတဲ့ ။ကျုပ်တို့ ကျောင်းကပါပဲ။ ဒါပေမယ့် ကျုပ်ကို မြန်မာမှန်းဘယ်သူမှမသိတော့  ကျုပ်လည်း ဘယ်မှမသွားတဲ့ နဲ့ အဲဒီနေ့ ကျမှ ကျုပ်ကို သူမြင်ဖူးတာ။
အဲဒီတုန်း က မှတ်မိသေးတယ်။ ကျုပ်တို့ ကစားအပြီး သူ ကျုပ်တို့ အုပ်စု ရှိကိုလာတယ်။
သူ မျက်နှာ လေး ကို ကျုပ်ရေလည်ြွေကသွားတယ်။ယောကျာ်းတယောက်တန်မယ့်နဲ့ မာန်မာန ကင်းပြီး အပြစ်ကင်းစင်တဲ့ မျက်နှာမျိုး။ မထင်မှတ်ပဲ ကျုပ်ကို ခင်ချင်လို့ တဲ့ ။ဖုန်းနံပါတ်လာတောင်းတယ်။ အသံက တိုးလွန်းလို့  ၃ခါလောက်မေးမှရတယ်။
ဒါနဲ့  tussue ပေါ်မှာ နံပါတ်ရေးပြီး သူ ပါးနား ကပ်ပြီး ” looking forward to get to know you more, baby” လို့ ပြောလိုက်တယ်။
သူ့ ကြည့်ရတာ တော်တော်ပျော်သွားတယ်။ သူ့ ကိုကြည့်ပြီး ကျုပ်လည်းပျော်သွားတယ်။ မြင်မြင်ချင်းချစ်မိတယ်ဆိုတာ ဒါကိုပြောတာလား။ မသိဘူးဗျာ။ သူဟာ ကျုပ်ရဲ့ ပထမဆုံး သိခွင့်ရတဲ့ ယောကျာ်းတယောက်ပဲ။
သူအကြောင်းပြောခါမှ သတိရတယ်။sim cardအသစ်တောင် မလုပ်ရသေးဘူး။ သူခေါ်လို့ မရရင် ဒုခ။ အော.. သတိရပြီ။ နောက်တကောင်ရှိသေးတယ်။ အဲဒီကောင်ကိုတော့ ချဉ်လို့ နဲနဲမှ ကို စာရင်းမသွင်းထားဘူး။ သူနာမည် က နိုင်တဲ့ .။ ကျုပ်ကတော့ တခါမှ မမြင်ဖူးဘူး။ စိတ်လည်းမဝင်စားဘူး။အဲဒီနေ့ ကလည်း အမှတ်မထင်ဖြစ်သွားတာပါ။ ကျုပ်က စတာမဟုတ်ပါဘူး။ ကျုပ်အကြောင်းကို ကျုပ် team matesတွေ အကုန်သိတယ်။ မြမာယာမွန်ဆိုတဲ့ ကျုပ်က ယောကျာ်းတယောက်ကို ကျုပ်ကန်တဲ့ ဘောလုံးတလုံး လောက်တောင် တန်ဖိုးမထားဘူးဆိုတာ။
အဲဒါ မွန် က ကျုပ်အမြင်တွေ ပြောင်းသွားအောင်ဆိုပြီး အင်တာနက်ကနေ myanmar chat တခု ထဲခေါ်သွားတယ်။ အဲဒီမှာ အဲကောင်နဲ့ တိုးတော့တာပဲ။ ထူးဆန်းတယ်။ ဒင်းတို့ မိန်းကလေးတွေ ဒီလောက်အချိန်တွေ ပိုပြီး အင်တာနက်က နေ မမြင်ရတဲ့ လူတွေကို အရေးလုပ် ဆက်ဆံနေရတယ်လို့ ။ တော်သေးတာပေါ့။ဒီကောင် ဘောလုံးအကြောင်း နည်းနည်းပါးပါးနားလည်လို့ ။မဟုတ်လို့ ကတော့  ကျုပ် လစ်ပြေးပြီသာမှတ်။ကျုပ်ရေ ငတ်လို့ အပြင်ထွက်ပြီး ရေသောက်ပြီး ပြန်လာတော့  မွန် က ကျုပ်ဖုန်း နဲ့ ဖုန်းဆက်နေတယ်။နောက်တော့မှ မေးကြည့်တော့  အဲကောင်ဖြစ်နေတယ်။ ကျုပ် မွန်ကို တော်တော်စိတ်တိုသွားတယ်။ ကျုပ် permissionမရပဲ ကျုပ် belongingsကို ထိလို့ ။ မွန်က ပြောတယ်။ဒါနောက်ဆုံး အကြိမ်ပါပဲတဲ့ ။အဲကောင် ယုံအောင်လို့ သူမိန်းကလေးမှန်းသိအောင် ဖုန်းဆက် ခံလိုက်တာပါတဲ့ ။ကြည့်စမ်း။ ကြည့်စမ်း။ chattingလုပ်တာတောင်မှ ယောကျာ်းမိန်းမ clarifiedလုပ်ပြီးမှ chat ရမယ့်ပုံ ပေါက်နေပြီ။
“မွန်.. နင်ဟာနင် သောက်ဖင်ခေါင်း ကျယ်တဲ့ ကောင်ကို နင့် account ထဲ ထည့်ပြီး စာရင်းရှင်း။ မြထဲ လာမထည့်နဲ့ ”
“မြ ကလည်းကွာ။ မြကို မြန်မာမှန်းဘယ်သူသိတာမှတ်လို့ ။ အဲဒီကောင်ကို အပြင်မှမတွေ့ ရင်ပြီးတာပဲဟာ။ လုပ်စမ်းပါ မြရာ။ ဒီကောင်ကို ကစားရတာ ပျော်စရာကောင်းတယ် ရှင်ရယ်။ သူကိုကြည့်ရတာ မြန်မာမိန်းကလေးတွေ ဘောလုံးကစားတတ်တယ်ဆိုတာ မကြားဖူးဘူး ဖြစ်နေတယ်။နည်းနည်းလောက် အမြင်ကျယ်သွားအောင် လုပ်ပေးလိုက်တာပေါ့။”
မွန် ဘီးတပ်ခေါင်းလို့  ကျုပ်လည်းလက်ခံလိုက်ရတယ်။ခက်တာက အဲကောင်ကို ကျုပ် addပြီးမှ မွန် က ည ည ကျုပ် onlineတက်ရင် ကျုပ်အခန်း က ကို မထွက်တော့ဘူး။ ကျုပ်ကို အဲကောင်နဲ့ အတင်း chatting လုပ်ခိုင်းတယ်။ သူကတော့ ဘေးကနေ တ ဟီးဟီး တဟားဟားနဲ့ ။ သူလုပ်တာနဲ့ ကျုပ် မှာ တခြားလူတွေနဲ့  personal stuffsတွေတောင် ပြောလို့ မရဖြစ်နေတယ်။
တချက် တချက် မွန် ကို လှမ်းကြည့်ရင် သူလိုချင်တာ တခုခု၇တဲ့ ပုံစံနဲ့ ပြုံးနေတယ်။အဲကောင်နဲ့ သူနဲ့ ဘယ်လို ပတ်သက်လည်းတော့မသိဘူး။ မေးကြည့်ရင်လည်း
” မြနဲ့ မွန် နဲ့ သူ ကို အတူတူသိတာလေ။ ဘာလို့ လာမေးနေတာလဲ” ဆို ပြီး ပြုံးစစနဲ့ ကျုပ်ကိုပြန်မေးတတ်တယ်။
အင်း။ ဒီကောင်ကို ပါ ထည့် တွက်မယ်ဆိုရင်တော့  ကျုပ်သိတဲ့ မြန်မာယောကျာ်းလေး က ၂ယောက်ပေါ့။ ကြာတော့ သူ ဘာစိတ်ကူးပေါက်လည်းမသိဘူး။ ကျုပ်ကို ဖုန်းဆက်တယ်။…..
……………………………………….
ဒီလို flowတွေ ရိုးနေပါပြီ။ ဖုန်းဆက် မယ်။ လေပေါမယ်။ စိတ်ကူးပေါက်ရင် အပြင်မှာတွေ့ မယ်။ အဆင်ပြေရင် ရည်းစား စကားပြောမယ်။
တခါ တခါ သူကပြောသေးတယ်။ သူမှာ ညညဆို စကားပြောရမယ့် ကောင်မလေးတွေများလွန်းလို့  အလှည့်ကျ ပြောရတယ်ဆိုပဲ။ အပြင်မှာ တွေ့ ချင်တဲ့ ကောင်မလေးတွေကလည်းမရေတွက်နိုင်လို့ တဲ့  တန်းစီခိုင်းထားရတယ်ဆိုပဲ။ သူအလုပ်မလုပ်တဲ့ ကာလ တွေဆို စားစရိတ်မကုန်ရဘူးတဲ့ ။ မိန်းကလေး တယောက်ယောက်နဲ့ ချိန်းပြီး အပြင်ထွက်စားရင် ဒကာခံမယ့်  ငတုံးမ တွေက တပုံကြီးတဲ့။
ကျုပ်ကတော့ ပြတ်ပြတ်ပဲ။ ယောကျာ်းတယောက်ကို ကျုပ်ကန်တဲ့ ဘောလုံးတလုံးစာလောက်တောင် အရေးမလုပ်တာ.. မိန်းမ အားကိုးနဲ့ ဝမ်းပြည့်အောင် ဖြည့်ရတဲ့ ဒီကောင်လောက်တော့ အရေးတုန်း။
ကျုပ် နိုင်ကို တခါပြောဖူးတယ်။
” နိုင် နင့်ဘဝကို ငါသနားမိတယ်။ နင်ဘဝ သူတောင်းစားနဲ့ မခြားနားပဲ။ သူတောင်းစားတွေက လက်ဖြန့် ပြီးတောင်းစားကြတယ်။ နင်က ဖုန်းပြောပြီးတောင်းစားတယ်။”
တော်သေး တာပေါ့။ ဒီလို အသုံးမကျတဲ့ ယောကျာ်းမျိုးကို ကျုပ်မမြင်ဖူးတာ။ မဟုတ်ရင် ယောကျာ်းယူချင်တဲ့ စိတ်တောင် ပျောက်သွားလိမ့်မယ်။
နိုင်က ပြောတယ်။ ကျုပ် က အရိုင်းအစိုင်းမတဲ့ ။ အပြောမတတ်ဘူးတဲ့ ။ မကျေနပ်ရင် ဖုန်းမပြောနဲ့ ဆိုတော့ လည်း မနေနိုင်ဘူး။ အမြင်ကတ်လို့ ဖုန်းမကိုင် ရင် smsတွေ ပို့ လို့ ဆဲ ပစ်လိုက်တယ်။အဲဒါလည်း အမှတ်မရှိဘူး။ ဒါပေမယ့် သူ ကို ကျုပ်ခင်ပါတယ်။ ခင်တယ်ဆိုရုံလေးပါ။ ကျုပ်တို့ အကြိုက်ချင်းတူတယ်။ ဘောလုံးကန်တာလေ။သူ က သူ့ ကျောင်းမှာ စူပါဆိုပဲ။ မြန်မာမတွေရော.. စလုံးမတွေပါ သူ ရည်းစားဖြစ်ချင်လွန်းလို့ အပြိုင်အဆိုင်ပဲတဲ့ ။အင်းပေါ့။ သူတို့ လေးတွေက ဘောလုံးမှ မကန်တတ်တာ။ ဘောလုံးကန်တတ်တဲ့ ကောင်ကို ရည်းစားတော်တော့ ကြားကနေ နာမည်ကြီးတာပေါ့။ ကျုပ်လို လူမျိုးအတွက်ကတော့ ဒင်းက စူပါဆိုတာ ကျုပ် အတွက်က ဘာမှမထူးခြားသလိုပဲ။
ခုတော့ နိုင်နဲ့ အဆက်အသွယ် ပြတ်သွားပါပြီ။ သူက ကျုပ်ကိုစိတ်တိုအောင် လုပ်ခဲ့ တယ်။ ကျုပ်ကို တခြားonlineကမိန်းကလေးလို ဆက်ဆံတယ်။ အပြင်မှာ တွေ့ ဖူးချင်တယ်။တွေ့ ပါရစေပြောလို့  တခါတည်းစာရင်းရှင်းပြီး အဆက်အသွယ်ဖြတ်လိုက်တာ။ ဘယ်နဲ့  သူအရင်က သိတဲ့ ဖူးတဲ့ ကောင်မလေးတွေလို ချိန်းရင် လာတယ်။ ပြောရင် ဖြစ်တယ်။ ချွဲပြရင် ကြွေတယ် ထင်နေတာ။ ကျုပ်အဲလို အတန်းအစားမျိုးမဟုတ်ဘူး။ ကျုပ် စိတ်အဆိုးဆုံး က
” နင်က လည်း onlineမှာပဲ တသက်လုံးနေတော့မလို့ လား။ တခြားမိန်းကလေးတွေလည်း ကြာတော့ အပြင်မှာ တွေ့ ကြရင်းနဲ့ အဲလို သူငယ်ချင်းတွေဖြစ်လာတာပဲဟာ”။
အဲဒီ စကားဟာ ကျုပ်ကို သာမာန် မိန်းကလေးတွေနဲ့ တန်းတူ စာရင်းသွင်းလိုက်တာပဲ။ဒီတချက်နဲ့ တင် သူ ကို သူငယ်ချင်းအဖြစ်ကနေစွန့် လွှတ်လိုက်တယ်။ ဘာအရေးလဲ။ ဒီကောင်က အင်တာနက်ကနေတွေ့ တာပဲ။
………………………………………….
အခန်း(၈)
ချန်ပီယံ အသင်းနဲ့ ချိန်း ပြီး ၂ပတ်မြောက်သော နေ့ ..
“ဘောသ မားတွေ ဒီ တခါတော့ long pass သုံးမယ်။အဝေးကနေဆွဲမယ်။ တော်ကြာ ငါတို့ ကို နာဘူးတွေလို့ ပြောနေ အုံးမယ်။” organizerက ကျွန်တော်တို့  ကန်ရမယ့် techniqueကို အသေးစိတ်ရှင်းပြနေသည်။
“မျိုးဇော်.. ငါ defendကစားမယ်။ ဒါမှ မွန်မွန်လေး လာရင် ငါက ပိတ်မိမှာ ဟီးဟီး” ကျော်ထွန်း က ပုံမှန် strikerနေရာ ကနေ defendကို ပြောင်းပြီး အရေးဆိုနေသည်။
“ဟေ့ကောင် အရစ်မရှည်နဲ့ ။ ငါတို့ အကွက်တွေ အကုန်ပြောင်းရမယ်။ကြီးတော်လေးတွေကို ထိုးစစ်ဆင်ရမယ်။ ခံမတိုက်ဘူး။ defendတွေအဲလောက်မလို ဘူး။ defend ကို နှစ်ယောက်တည်းထားပြီး ကျန်တာအကုန် ရှေ့ တန်းနဲ့ အလည်တန်း ကစားမယ်။ ငါတို့ ဒီလို အင်အားဖြည့်ထားတာနဲ့  ဒင်းတို့ အလည်တန်းထိတောင် ပေါက်အောင် ကစားနိုင်မှာမဟုတ်ဘူး။”
တွေ့ ကြသေးတာပေါ့။ ချန်ပီယံကွ။ လာထား..
…………………………………………
၅ နာရီ ထိုးတော့ sport complex ကို ကျွန်တော်တို့ မြန်မာ ကျောင်းသား ဘောလုံးအသင်းနဲ့  အားပေးပရိသတ်တွေအတူတူလာကြသည်။ ပွဲက ၅း၃၀ မှာ စမှ ဖြစ်ပေမယ့် ဘယ်သူမှမပူကြ။
မိန်းကလေးတွေနဲ့ ကစားတာများ အဆန်းလုပ်လို့ ။ မနိုင်ရင် ခြေထောက်ထိုးလိုက်ရုံပေါ့။ အလွန်ဆုံး မှ ကျိုးတာ ကြေတာလောက်ပဲ ဖြစ်မယ့်ဟာ။ ဒင်းတို့ ကိုယ်တိုင်ကို က မိန်းကလေးပီပီသသ မနေနဲ့ ပဲ ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းချင်လို့ ဘယ်ရမလဲ။ ကျွန်တော် က တော့  left mid left back ကို ခွ ယူထားသည်။အကြောင်းအရင်း ကကျော်ထွန်းက left back ကို လိုချင်သောကြောင့်ဖြစ်သည်။ stopper လုပ်ချင်ရင်လည်း လုပ်လို့ အောင်။ အထူးသဖြင့် သူတို့ ပြောနေကြတဲ့  ဇာတ်မင်းသမီးနာမည် နဲ့ ဘောလုံးကန်တဲ့ မမလေးကို မှတ်လောက်သားလောက်အောင် ဆော်ချင်လို့ ။
field ထဲ လည်း ဖြတ်ရော.. ဘောလုံးမမ လေးများက warm upတောင် လုပ်ပြီးသလောက်ရှိကြပြီ။ ကျွန်တော်တို့  ချန်ပီယံအသင်းကသာ… ဆေးလိပ်သောက်ဖို့  ကျောင်းအပြင်နား ခဏသွားရတာနဲ့ ။ ဆံပင် gel လိမ်းပြီး ပုံသွင်းဖို့ changing roomထဲမှာ နေခဲ့ သူနဲ့ ။ လူမစုံတော့ warm up လုပ်လို့ မရဖြစ်နေသည်။
အဲလို နဲ့ ၅း၃၀ သွားသည်။
ကျွန်တော် changing roomထဲကအထွက် မျက်နှာချင်းဆိုင် မိန်းကလေးchanging roomထဲမှ..
“ဒီလောက် အချိန်ကို မလေးစားတတ်ရင် ဘောလုံးတောင် ကန်ဖို့ မကောင်းဘူး။ ဘာလဲ သူတို့  မိတ်ကပ် လိမ်းအပြီး gel လိမ်းအပြီး စောင့်ရအောင် သူတို့ က ကွင်းထဲမှာ အခြောက် က ကပြမလို့ လား။ စောစောတုန်းက ရေဖြည့် ဖို့  သူတို့ ဘက်ကို ဖြတ်သွားတာ.. အနံ့ ပေါင်းစုံကို ထောင်းနေတာပဲ။ ယောကျာ်းလေးတွေဖြစ်ပြီး အနံ့ ကလည်း ကြိုက်သေး။”
ခပ်စွာစွာ အသံ မာမာနဲ့  ပျစ်တောက်ပျစ်တောက် ပြောနေတဲ့ ထူးဆန်းတဲ့ အသံရှင်ကြောင့် ကျွန်တာ် ခြေထောက်အစုံ တို့ ရပ်မိလျှက်သားဖြစ်သွားတယ်။ ဒီအသံဟာ ကျွန်တော့်အပေါ် ၁နှစ်ကျော် ကြာအောင် လွမ်းမိုးခဲ့ တဲ့ အသံ။ ခုပြန်ကြားရပြန်ပြီ။ ဒါပေမယ့် ဒီတခါတော့ ကျွန်တော့်နဲ့  မဝေးလှတဲ့ နေရာမှာ။
ကျွန်တော် ဖြစ်ချင်ရာဖြစ် မိန်းကလေးchanging roomထဲ ဝင်မယ်အလုပ်.. ကျွန်တော့် လက်မောင်းကို တစုံတယောက်က ဖမ်းချုပ်ခြင်းကိုခံလိုက်ရသည်။
“ဟေ့ ..ဟေ့.. ကောင်ကြီး စိတ်ထိန်းကွာ။ တော်ကြာ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်နေတော့မယ်။ မင်း စော်ကြီးလည်း လာကြည့်တယ်ကွ။ သူသိသွားရင်မကောင်းဘူး။”
“မဟုတ်ဘူး။ ကျော်ထွန်း ငါဒီတခါတော့ဝင်ပါရစေကွာ.. ငါ့ကိုမတားပါနဲ့ ။ ငါရဲ့  ခေါင်းစားနေတဲ့ လူရှာပုံတော်ကြီးကို ဒီနေရာမှာ အပြတ်ရှင်းခဲ့မှဖြစ်တော့မယ်။ ငါတောင်းပန်ပါတယ်ကွာ။”
“ဟ.. မလုပ်နဲ့ ကောင်ကြီး ငါတို့ ဘောလုံးမကန်ခင် အချုပ်ထဲရောက်ကုန်လိမ့်မယ်။ ငါတို့ အသင်းက ချန်ပီယံအသင်းလေ။ တော်ကြာ တခြား မြန်မာဘောလုံး အသင်းတွေကြားမှာ နာမည်ပျက်ကုန်တော့မယ် မင်းသာ ဝင်လိုက်လို့ တော့ကွာ။”
ကျော်ထွန်းနဲ့ ကျွန်တော်နဲ့  နှစ်ယောက်သား သူတောင်းပန် လိုက် ကိုယ်တောင်းပန်လိုက်နဲ့  အသံတွေက တဖြည်းဖြည်းကျယ်လာသည်။
မိန်းကလေး အခန်းဘက်မှ ခြေသံတွေ ကြားလိုက်၇သည်။
“လာ ..လာ… ကောင်ကြီး ပြေးမယ်။”
………………………………………………..
“ရပ်လိုက်ကြစမ်း နှစ်ကောင် စလုံး..ဒါဘာ သဘောလဲ။”
သူခိုးလူမိသလို ကျွန်တော်တို့ ၂ယောက် နောက်လှည့်မကြည့်ရဲ။ နေရာမှ တင် မတ်တပ်ကြီး ဆက်ရပ်နေသည်။
” ပြောနေတယ် လေ နားပင်းနေလား။ မိန်းကလေးတွေ အဝတ်အစား လဲတဲ့ အခန်းရှေ့ မှာ ဘာလာလုပ်နေတာလဲ။ ဖြေလေ။”
အသံ ရှင်ဧ။် စိတ်ဆိုး မာန်ဆိုးနဲ့ ဩဇာအပြည့်ဝနဲ့ အော်လိုက်သောကြောင့် ကျွန်တော်တို့ ၂ယောက် ပိုလို့ တောင် ကြောက်သွားကြသည်။ ဖြစ်ချင်ရာဖြစ်။ ကျွန်တော် အမှန်အတိုင်းပြောပြီး ရင်ဆိုင်မယ်လို့ ဆုံးဖြတ်လိုက်သည်။
အသံရှင်ကို လှည့်ကြည့်လိုက်တော့ .. ခါးထောက်ပြီး ဘောလုံးကို ခြေထောက်တဖက်နဲ့ ထိန်းပြီး မတ်တပ်ရပ်နေတဲ့ ကောင်မလေးတယောက်ကို ရင်ဆိုင်လိုက်ရသည်။ သေသေချာချာ ကြည့်လိုက်တော့  ဟိုတခေါက်တုန်းက ကျွန်တော့် ခြေထောက်တွေပေါ် ရက်ရက်စက်စက် တက်နင်းပြီး အနိုင်ယူသွားတဲ့ ကြီးဒေါ်ဖြစ်နေသည်။
အရင်က တော့ တောင်းပန်ပြီး အကျိုးအကြောင်း ရှင်းပြမလို့  ဒီကြီးဒေါ်ကို မြင်မှာ အရင်က အနာဟောင်းကို ပြန်သတိရပြီး တပွဲတလမ်း တော့ ကြမ်းပစ်လိုက်မယ်လို့ စိတ်ကူးလိုက်သည်။
“ဒီ မယ် မင်း စကားပြောရင် ဆင်ခြင်ပြောပါ။ ငါ တွေ့ ချင်တဲ့ လူ တယောက်ရဲ့ အသံ ကို မင်းတို့ အခန်းထဲက ကြားလို့  ဝင်ပြီးတော့ မေးမလို့  ။ငါ့သူငယ်ချင်းသိလို့ ငါ့ကို တားတာ။ ရှင်းပြီလား။ ငါတို့ ဒီလောက် နားမပင်းသေးဘူး။ မင်း ငါးစိမ်းသည်အသံနဲ့ ငါတို့ ကို လာမပြောနဲ့ ။”
“ူတောင်းစား!! နင့်ပါးစပ် ကိုပိတ်ထားစမ်း။ နင်က ဘာကောင်မို့ လို့  ငါ့ကို ဒီစကားပြောတာလဲ။”
ကျွန်တော့်ကို ဒင်းက ခေါ်လိုက်ပုံများ။ သူတောင်းစားတဲ့ ။ ကျွန်တော့် တကိုယ်လုံး အားပြင်းတဲ့ အရာတခု က ဝင်ဆောင့်သလို ခံစားလိုက်ရသည်။ ဟုတ်တယ်။ အရင်တုန်းက မွန်နဲ့ စကားပြောလို့  သူမ စိတ်ဆိုးစရာရှိရင် ကျွန်တော့်ကို သူတောင်းစားလို့ ခေါ်တတ်သည်။ သူ နဲ့ ကျွန်တော်နဲ့  ဘောလုံးပွဲလောင်းလို့ သူအသင်းရှုံးရင် သူတောင်းစားလို့ ခေါ်တတ်သည်။ အဲဒါနာမည်သည် မွန် ရဲ့ တခုတည်းသော ဆဲနည်း ဖြစ်သည်။အထူးသဖြင့် သူမ အရမ်းစိတ်ဆိုးနေတဲ့ အချိန်ဆိုရင်ပေါ့။ တခြားမိန်းကလေးတွေ ဆဲရေးတိုင်းထွာရင် ကျွန်တော် မုန်းပေမယ့် မွန်ရဲ့  ကပ်သီးကပ်သပ်နိုင်တဲ့ ဆဲပြီးခေါ်တဲ့ နာမည်ကို တော့ ကျွန်တော် မမုန်းရက်။
……………………
” မ မြမာယာမွန်.. ကျွန်တော့်ကို မှတ်မိလား။ ကျွန်တော် ကျော်ထွန်းလေ။ ဟိုတခါ ဘောလုံးကစားတုန်း က ကျွန်တော် လာမိတ်ဆက်တာလေ။”
U.N က ကျော်ထွန်းက ကြောက်ကြောက်လန့် လန့် နဲ့ ကြားဝင်လာသည်။
” ကျွန်တော့် သူငယ်ချင်းကိုယ်စား မမြမာယာမွန်နဲ့ ကျန်တဲ့ သူတွေအားလုံးကို တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်တို့ တကယ် အထဲ ထဲကို မဝင်ရသေးပါဘူးဗျာ။ ဘာမှလဲ မမြင်လိုက်ပါဘူး။ တကယ်ကို အပေါက်ဝမှ စကားပြောကြတာပါဗျာ။ ယုံပါ။ တောင်းပန်ပါတယ်။”
ကျော်ထွန်းမျက်နှာက ဆီးရွက်လောက်ပဲရှိတော့သည်။ လက်စ သတ်တော့ ကြီးဒေါ်က မြမာယာမွန်ကိုး။ဒါဆို မွန်က …?။ကျွန်တော့် အံ့ဩပြီးရင် အံ့ဩနေရသည်။
“ခင်ဗျား မွန်လား။”
” ငါ နာမည် မွန် မဟုတ်ဘူး။ ငါနာမည် မြ။” ဟုတ်တယ်။ ဟုတ်တယ်။ ဒီအသံ။သူမ အပြင်မှာ တွေ့ တိုင်း ပြသာနာ တခုခု က တက်မြဲ။သူမ ရဲ့ အသံကို သတိမထားမိခဲ့ ။
“ဒါဆို ဟိုတခါတုန်းက ကျွန်တော်ကို မှန်တဲ့ ဘောလုံးကို ကန်လိုက်တာ ခင်ဗျား လား”
“ဟုတ်တယ်လေ။ ဘာလဲ မကျေနပ်ဘူးလား။ မကျေနပ်ရင် ကွင်းထဲမှာရှင်းမယ်။ သူတောင်းစား။ ငါကို ဘာမှလာမမေးနဲ့ . နင်နဲ့ ငါနဲ့ မတန်ဘူး”
မွန်.. အဲ ကျွန်တော် သိထားတဲ့ မွန် တဖြစ်လည်း မြမာယာမွန်က သူကိုငါးစိမ်းသည်လို့ ပြောထားလို့ တော်တော်လေး စိတ်ဆိုးနေသည်။ မွန်ရယ်။ မင်းနဲ့ ငါနဲ့ တွေ့ မယ့် တွေ့ တော့လည်း ကောင်းသောတွေ့ ဆုံခြင်းမဟုတ်ခဲ့ပါလား။
ဟိုနောက်ကျ ဒီနောက်ကျနဲ့  ပွဲကို ၆နာရီသို့ ရွှေ့ လိုက်ရသည်။အချိန်က ၅း၄၅ မို့ လို့  ။ ၁၅မိနစ်အတွင်း warm upလုပ်ကြရသည်။
ထို အခိုက်…မိန်းကလေးအသင်းဘက်တွင်..
“မြ.. ဒီတခါဘယ်နှစ်ဂိုးလဲ”
“နင် တို့ ဘယ်နှစ်ဂိုးလို ချင်လဲ။”
“ချန်ပီယံအသင်းဆိုတော့ ၂-၁ လုပ်။”
” အ ဟတ်.. ၂-၁ ဆိုရင် ငါတောင် ကစားစရာမလို ဘူး။”
“အပြောမကြီးနဲ့ နော် မြ။ အဲဒီအသင်းက mid fieldက နာမည်ကြီးတယ်။ နင် သူ့ကို မရရ ရအောင် ဖြတ်တိုက်မှ ရမှာ။”
“နာမည်ကြီးတယ် ဟုတ်လား။ ဘယ်သူပြောတာလဲ။ အဲလို နာမည်ကြီးနဲ့ တွေ့ ချင်တာနဲ့ အတော်ပဲ။”
” မွန်ပြောတာ။ သူဘယ်က သိလဲတော့ ငါတို့ လည်းမသိဘူး။တကယ်လို့ နင် ၂-၁ တောင် မသွင်းနိုင်ဘူးဆိုရင် အဲဒီ ထဲ ငါတို့ ပြောတဲ့ တကောင်ကို နင် ကြိုက်ရမယ်။ ခုထိတော့ ဘယ်သူမှန်းမသိသေးဘူး။ ပွဲပြီးရင် ငါတို့ အဖြေပေးမယ်။”
” ဟ..ဟ ထူးဆန်းလိုက်တာ။ တခါမှ ရှုံးတယ်လို့ မဟ ဘူးတဲ့  နင်တို့ တွေ ဘာကြောင့်မှာ ငါ ၂ဂိုးတောင်မသွင်းနိုင်ဘူးလို့  တထစ်ချ ယုံကြည်ထားကြတာလဲ။ ကြိုက်သွားပြီ။ တကယ်လို့ ငါ ၂ဂိုး မသွင်းခဲ့ ရင် နင်တို့ ပြောတဲ့ တကောင်အပြင် နောက်ထပ် ၁ကောင်ကို ငါဟာ ငါ ရှာပြီး ၆လလုံး ၂ကောင်စလုံးနဲ့ တွဲပြမယ်။ ဟုတ်ပြီလား။”
“Yay!! မြကို တော့ ကြိုက်သွားပြီ။ ဒီတခါတော့ သူ တကယ် မြန်မာလူမျိုးနဲ့ ဖူးစာဆုံတော့မယ်။ ဟေးဟေး။”
“အော ဒီလိုကြေးလား။ နင်တို့ ငါ့ ကို ရည်းစားရစေချင်လို့ အရှုံးကစားတယ်ဆိုရင်တော့ ပွဲပြီးရင် ငါနဲ့ အားလုံးတွေ့ ကြမယ်။ သေဖို့ သာပြင်ထား။”
“စ တာပါ မြရာ။ ငါတို့ မရှုံးစေရပါဘူး။ နင်ကို ပျော်အောင်လို့ နောက်တာပါ။ နင်စောစောက စိတ်နောက်နေလို့ ။”
၆းဝ၀ at future poly sport complex..
………………………………………………..
မြ သည် ဘောလုံးကစား ရာတွင် တကယ်ကိုပင် မာယာ များသည်။ သူမသည် ရှေ့ တန်းကစားပေမယ့် တခါမှ ဂိုးကို မရှူး။ သူမသည် ဘောလုံးကို ရပြီဆိုလျှင် attacking midef သမားကို ပေးပြီး.. ဘယ်ဘက် ကန်လိုက် ညာဘက်ကန်လိုက်နဲ့ .. ကျွန်တော်ကို Penalty box ထဲကို ဝင်လာသည်။ ကျွန်တော် တို့  နောက်တန်းက လူ၂ယောက်ပဲ ရှိတဲ့ အတွက် ကျွန်တော် ကိုတွေ အကုန် နောက်တန်းကို ပြန်ဆင်းရသည်။ ထိုအချိန်တွင် ကျွန်တော်တို့  နောက်တန်း ၂ယောက်ကို ကျော်ပြီး ဘယ်နေရာက သွင်းသွင်း သွင်းလို့ ရတဲ့ အနေအထားကို ကျော်ရှိသွားသည်။ ကျွန်တော့်တို့ အားလုံး ဂိုးပေါက်ဝ မှာ စုလို့ နေတော့သည်။ သူမ သည် တချက်ပြုံးလိုက်ပြီးဘောလုံးကို ကွင်းလယ်ကို ပြန်ကန်လိုက်သည်။ ကွင်းလယ်က attacking midef သမားသည် right winger ကို ပေးလိုက်သည်။ ကျွန်တော်တို့  လည်း လူ ပြန် ဖြန့် ပြီး သူမရဲ့  midef တွေကို သတိထားနေခိုက်.. သူ မသည် ကျွန်တော် တို့ ရဲ့ right back နားသွားပြီး ရှေ့ နဲ နဲ တိုးလိုက်သည်။ကျွန်တော် right wingerကို ဖြတ်တိုက်နေတဲ့ အချိန်မှာ ဘောလုံးသည် သူမဆီသို ရောက်သွားတော့သည်။ သူမနဲ့  right back သမားတို့ တယောက်ချင်းစီတွေ့ တဲ့ အခါ သူမသည် right back သမားကို တပတ်ပတ်ပြီး ဂိုးကို ညာခြေနဲ့  ညာထောင့်ကနေ သွင်းလိုက်သည်။ ဂိုးသမား အလှည့်စားခံလိုက်ရသည်။ ပထမ ပိုင်း ကစားနေတဲ့ တလျှောက် သူမသည် ဘယ်ခြေပဲ သုံးခဲ့ သည်။ ကျွန်တော်သည် လည်း သူမကို left leggedလို့  ပဲထင်ထားသည်။ သူမသည် ခြေထောက်၂ဘက်စလုံးနဲ့ ကစားတတ်သည် လို့ သိလိုက်မိတဲ့ အချိန်မှာ ပထမပိုင်းဆုံးသွားသည်။
ဒီလိုနဲ့ ပထမပိုင်းကို ၁-ဝ နဲ့ အဆုံးသတ်လိုက်သည်။
၁၅မိနစ် break အချိန်တွင်.. organizer မှ
“မဖြစ်တော့ဘူး။ အကွက်ပြောင်းမှ ဖြစ်မယ်။သူတို့ လိုက်ကစားသလို ဒို့ ကစားမယ် ။ 5-4-1။ ဘောသမားတွေ စော်တွေ ငမ်းပြီး လျှော့ လည်း မကစားမိစေနဲ့ အုံး။ မင်းနိုင်.. မင်း strikerကို ရှင်း။ ဒီစော်ကြီး အရမ်းလည်လွန်းတယ်။ ပထမပိုင်းတုန်း က .. ငါတို့ ကို အားလုံးကို penalty boxထဲ ထိ ရအောင်သွင်းပြီး သူ right winger ဘက်ကို မျက်စိလည်အောင်လုပ်တယ်။ ငါတို့ coverလုပ်တော့ ဟိုတယောက်က သူ ဆီဘောလုံးပေးပြီးနေသည်။ man out မဖြစ်ခင် သူက ဂိုးကို သွင်းလိုက်တယ်။
ဒုတိယပိုင်းမှာ ငါတို့ ၂ ဂိုးရအောင်သွင်းမှဖြစ်မယ်။ ဟိုကောင် ကျော်ထွန်း မင်း ကြီးဒေါ်ကြီးကို ငမ်းပြီး စွတ်ရမ်း ဖွင့်ပေးမနေနဲ့ ။ နောက်တပိုင်း မှာ မင်းဘက်က ပေါက်လို့  ကတော့  ဟင်…ဟင်း..ဟင်း…..
မောလိုက်တာ.. မနေ့ ညက ချတာများသွားတယ်။”
“မင်း ဇော် မင်း ဟာ မင်း ဟို လူပြောလိုက်ဒီလူ ပြောလိုက်နဲ့ .. ဒီည ဘောလုံးကန်မှာသိရက်သားနဲ့ မနေ့  ညက ဖင်ထောင်အောင် သောက်ထားပြီး ခုမှ မပြေးနိုင်ပဲ အရှက်ပြေလာမပြောနဲ့ ”
ကျော်ထွန်း စကားကြောင့် အားလုံး ရီမိသွားသည်။
ပြောသာ ပြောတာ ကျွန်တော်တို့ အားလုံး ရင်ထဲမှာခုလု ခုလုဖြစ်နေသည်။ ဒီပထမဂိုး ကို ကျွန်တော်ကို သွင်းရမယ့်ဟာ.. တဘက်အသင်းကို လျှော့တွက်မိလို့  အငိုက်ခံလိုက်တာ နဲနဲတော့ အခံရခက်သည်။ အထူးသဖြင့် ..မွန်ရဲ့ ”နောက်ဆုံးတော့ ငါ့ထောင်ချောက်ထဲအားလုံးရောက်လာကြပြီမှတ်လား “ဆိုတဲ့ အောင်နိုင်သူ အပြုံးနဲ့ တချက်ပြုံးလိုက်တဲ့ အပြုံးကို မခံနိုင်ဆုံးပဲ။ တွေ့ ကြသေးတာပေါ့ကွာ။ ကျွန်တော် သွေးတွေဆူပွက်နေသည်။ ကျွန်တော်တာဝန်သည် သူမကို ရှင်းဖို့ ဖြစ်သည်။
……………………..
“မေသီရိမွန်”
ကျွန်မ ဘဝမှာ ကျွန်မရဲ့ မိဘနှစ်ပါးကိုပြပါဆိုရင် အန်တီ မေမေနဲ့ အန်ကယ်daddyကိုပဲ ပြရမှပဲ။
ကျွန်မ ကျောင်းနေတဲ့ အရွယ်က စပြီးစင်ကာပူကို ရောက်ခဲ့ တယ်။ တကယ်ပါ။ ကျွန်မရဲ့ မိဘအရင်းအချာ နှစ်ပါးစလုံးကို တကယ်မမှတ်မိတော့ဘူး။ အန်တီမေမေ ပြောတော့ မေမေနဲ့ ဖေဖေ က မြန်မာပြည်ရဲ့ တနေရာမှာရှိနေတယ်တဲ့ ။အန်တီမေမေ လိမ်တာပါ။ ကျွန်မသိခဲ့တယ်။ ကျွန်မ “O” level resultထွက်တဲ့ နေ့ က အိမ်ပြန်လာတော့  အန်တီမေမေရယ် က မြကို တခုခုမပြောဖို့ သတိပေးနေတာတွေ့ ရတယ်။ သူတို့ မျက်နှာတွေကလည်း မကောင်းဘူး။အဲဒီနေ့ က အန်တီမေမေ ကျွန်မကို စကားမပြောဘူး။ ကျွန်မ O level မှာ 11 points ရတာ မြကိုပဲပြောပြခဲ့တယ်။ တကယ်လို့ သာ ကျွန်မ မိဘနှစ်ပါး ကျွန်မနားမှရှိခဲ့မယ်ဆိုရင် သူတို့ တွေ ကျွန်မ အတွက် ပျော်ချင်ပျော်နေမှာ။နောက်တော့ ကျွန်မ အမှန်တရား တခုကို သိလိုက်ရတယ်။ ကျွန်မ မိဘနှစ်ပါး ခရီးထွက်ရာ လမ်းမှာ ကားaccidentဖြစ်ပြီး ပွဲချင်းပြီးဆုံးသွားကြတယ်တဲ့ ။ ကျွန်မ O levelအောင်တဲ့ နေ့ မှာ ကျွန်မ မိဘမဲ့ဘဝကို မလိုချင်ပဲရောက်သွားတယ်။ကျွန်မသိလိုက်ပါတယ်။ အဲလိုပဲ ကျွန်မဟာ အန်တီမေမေရဲ့ မွေးစားသမီးအဖြစ်သို့ ရောက်ရှိသွားတယ်။
အဲဒီအချိန်က စပြီး ကျွန်မအပြောင်းလဲကြီးပြောင်းလဲခဲ့ တယ်။ကျွန်မရဲ့ စိတ်ထွက်ပေါက်ကို ရှာခဲ့တယ်။ လောကကြီး တစောင်းတိုက်ပစ်တတ်လာတယ်။ လူတွေကိုအရူးလုပ်တတ်လာတယ်။ ယောကျာ်းတွေကို လှည့်စားတတ်လာတယ်။ မိဘမရှိတော့တဲ့ မိဘမဲ့ တဲ့ ကျွန်မဘဝကို လူတွေ အထင်မသေးရဲ လောက်အောင် ကျွန်မအစွမ်းထက်လာတယ်။ မြန်မာ networkထဲမှာ မေသီရိမွန်ဆိုတဲ့ ဒေဝီတယောက်အဖြစ်ကိုရောက်ရှိလာတယ်။ ကျွန်မ အဲလို ဘဝပြောင်းသွားတာကို အန်တီမာမီရော မြရော မသိကြသေးဘူး။ ကျွန်မ နဲ့ တွဲခဲ့ ဖူးတဲ့ ယောကျာ်းတိုင်းက ကျွန်မ ကို အမြတ်တနိုးနဲ့ ဒေဝီလို့ ခေါ်ကြတယ်။ ကျွန်မ ခါချခံဖူးတဲ့ ယောကျာ်းတွေကတော့ ကျွန်မကို စုန်းမတဲ့ ။
ဒါပေမယ့်လေ ဒေဝီလို့ လူအများအခေါ်ခံရတဲ့ ကျွန်မက တယောက်သောသူရဲ့ 
ဒေဝီဖြစ်ချင်ခဲ့တယ်ရှင်။ သူ နာမည် က မင်းနိုင်တဲ့ ။ မြတို့ ကျောင်းကပေါ့။သူ့ ကို ပထမနှစ်ထဲက inter poly ဘောလုံးပွဲတွေမှာ သတိထားမိတာ။ဘာရယ်မသိဘူး။သူ ကိုအရမ်းကြီးသဘောကျသွားမိခဲ့တယ်။သူငယ်ချင်းတွေကပြောတော့ စော်တွေဝိုင်းဝိုင်းလည်နေတာပဲတဲ့ ။ အဲဒီအချက် က ဒေဝီအကြိုက်ပေါ့။
သူငယ်ချင်းတွေဆီက သူ့ info တွေယူပြီး သူ ဝင်နေကျchatroomတွေစီဝင်ခဲ့ တယ်။နာမည်တွေတခုပြီးတခုပြောင်းပြီး သူနဲ့ ပိုရင်းနှီးအောင်ကြိုးစားခဲ့ တယ်။ ဒါပေမယ့် သူက ကျွန်မကို သာမာန်မိန်းကလေးတယောက်လိုပဲဆက်ဆံခဲ့တယ်။ ကျွန်မက သူ ဒေဝီဖြစ်ချင်တာလေ။
နောက်ဆုံးတော့  မြကို အကူအညီတောင်းပြီး သူ့ အချဉ်းကပ်ခံကိုစောင့်နေလိုက်တယ်။ထင်ထားတဲ့ အတိုင်းပါပဲ ။မြရဲ့ ထူးခြားတဲ့ nick nameကြောင့် သူ မြကို စ ပြီးchat လာတယ်။ မြက ဘောလုံးကန်တယ်ဆိုလို့  သူပိုလို့ တောင်စိတ်ဝင်စားသွားရဲ့ ။ အဲဒီအချိန်မှာ ကျွန်မကြားဝင်ပစ်လိုက်တယ်။ မြနာမည်ကို မွန်လို့ သူကို အသိပေးခဲ့တယ်။ထူးဆန်းစွာပဲ အရင်တုန်း က ကျွန်မ IDပေါင်းများနဲ့ သူကို chatတိုင်း လိမပြောတတ်တဲ့သူဟာ မြနဲ့ တွေ့ တော့ အမှန်တွေကို အကုန်ပြောပြနေရဲ့ ။ သူဘဝအမှန်ကို သိချင်တဲ့ ကျွန်မ တယောက် ညညဆို မြရဲ့ အခန်းထဲအကြောင်းအရာတခုခုပေးပြီး သူonlineအတက်ကို စောင့်ရတဲ့ ညပေါင်းလည်း မမှတ်မိတော့ဘူး။ မြကို အကြောင်းပြုလို့  သူရဲ့ အကြိုက်ဆုံးအရာတွေသိခဲ့ ရတယ်။
ကျွန်မ ကိုယ်ကျွန်မ မြနေရာဝင်ပြီး မွန်လို့  သူ့ ကို ဝင်ပြောမယ်ကြံခါမှ…
ခု ကစားနေတဲ့ ဘောလုံးပွဲကြောင့်ကျွန်မရည်ရွယ်ချက်တွေပျက်တော့မယ်။ ကျွန်မ အကြံအစည်တွေသဲထဲရေသွန်သလိုဖြစ်တော့မယ်။ ကျွန်မစိတ်ထဲမှာ ထိတ်နေတယ်။ သူ ခုနေက မြနဲ့ ပြသာနာဖြစ်ရာကနေ ကွင်းထဲသွားတော့ တခုခုကို စဉ်းစားနေတဲ့ အမှူအရာကိုတွေ့ လိုက်ရတယ်။ဒီပွဲပြီးရင် ဘယ်လို လာမလဲမသိဘူး။ ဘုရား..ဘုရား.. သူလုံးဝမရိပ်မိပါစေနဲ့ ။
…………………………………………………………………………..
အခန်း(၉)
တကယ်တော့မိန်းကလေးတွေနဲ့ ဘောလုံးကန်ခြင်းသည် ကျွန်တော့်  တသက်တွင် ပထမဆုံးအကြိမ်ဖြစ်သည်.. ပြောရလွယ်သလောက် လုပ်ရခက်သည်။ အနားလေးနည်းနည်းလေးကပ်မိသည်နဲ့ ကြီးဒေါ်ရဲ့ ရွှေမျက်စောင်းတော်က စူးလှသည်။အထိမခံ… အကိုင်ခံဖို့ ဆိုတာဝေးလာဝေး.. ကျွန်တော် သူမဆီ ရောက်ခါနီးဆိုရင် ဘောလုံးကို mid defထံပြန်ပေးတတ်သည်..ဒီတော့ ကျွန်တော်က သူမကို ဘယ်အကြောင်းပြချက်နဲ့  ခြေထိုးရမည်နည်း..
ပေါ်တင်ထိုးလိုက်ရင်တော့ရသည်…ဒါပေသည့် ကျွန်တော် အနီကပ်နဲ့ နှစ်ပါးသွားရမည့် အပြင်..
တခြားကျောင်းက ကောင်တွေ ကျွန်တော်ကို လှောင်ကြတော့မည်..တကယ်ပဲ မွန်တဖြစ်လည်း မြဆိုသည့် ကြီးဒေါ်သည် ကျွန်တော်ထင်တာထက်တောင် တော်နေသည်.. တကယ့်ကိုပဲယောက်ျားလေးတယောက်နဲ့ ယှဉ်ပြိုင်ကစားနေရသလိုပဲ… ကျွန်တော့် စိတ်သည် ဘယ်လိုမှ ဒီကစားပွဲတင်မရှိ.. အမှန်တရားကိုဘယ်လိုမှ ရင်ဆိုင်လို့ မရသည့်အပြင် ထင်ထားတာနဲ့ တလွဲဖြစ်နေသည့်အတွက် ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ…
ဒုတိယပိုင်းစလို့ နာ၇ီဝက်ရှိနေပြီ…
မကြာခင်မှာပဲ ရာသီဥတုက ကျွန်တော်တို့ အသင်းဘက်ကို မျက်နှာသာပေးလာသည်..
မိုးတွေ ဖွဲဖွဲလေးစကျလာသည်… ခဏကြာတော့ မိုးသည်းလာသည်..by rightဆိုရင် မိုးရွာရင် ပွဲကို ရပ်လိုက်ရသည်… ၅မိနစ်ပဲလိုသောကြောင့် ..၂သင်းစလုံးက လည်း ဒီထက်ပို ဂိုးသွင်းချင်တော့ကြောင့် ဆက်ကစားခြင်းဖြစ်သည်..
ပွဲပြီးခါနီး ၅မိနစ်အလို  တွင် နှစ်ဘက်စလုံး အကွက်နဲ့ ကစားလို့ မရတော့ .. ကွင်းက ရေ၀ပ်လာသောကြောင့်…longpassမသုံးပဲ short passတွေနဲ့ ကစားလာသည်…
ကံကထပ်ပြီးကောင်းချင်တော့  ကျွန်တော်အတွက် နှစ်ထပ်ကွမ်း ကံကောင်းခြင်းဖြစ်သွားသည်..
မြက ကျွန်တော့်တို့ ရဲ့  အလယ်တန်းကို ဖောက်ပြီး သူမရဲ့ strikerဆီ
ဘောလုံးကို အပို့ ကျွန်တော် ကြားကနေ interceptလုပ်ပစ်လိုက်သည်..
” Ah..”
ဒိုင်သူကြီးကိုဝိုင်းပြီးကြောင်ပူလုပ်ကြသည်..။ဒိုင်သူကြီးက ဆက်ကစားခိုင်းတဲ့ အချိန်တွင်..
သူမဧ။်နောက်တန်းသမားတွေ readyမဖြစ်တော့..
ဂိုးအသွင်းပြီး.. ဒိုင်သူကြီးရဲ့ ခရာမှုတ်သံ ကြောင့် ကျွန်တော်တို့ ၁-၁နဲ့ ပွဲပြီးသွားမှန်းသိလိုက်ရသည်..
ပွဲပြီးတော့  နှစ်ဖက်အသင်း နှုတ်ဆက်ကြသည်.. ထူးဆန်းစွာပဲ ရန်ဖြစ်တာ ဘာတာမ၇ှိ..
တကယ်လို့ ကျွန်တော်တို့ သာ ..တခြားကျောင်းက မြန်မာကောင်တွေနဲ့ ဘောလုံးကန်ရင်  ကွင်းထဲမှာ ၂ခါမက ရန်ဖြစ်ပြီးသွားပြီ.. အင်းပေါ့လေ.. မိန်းကလေးတွေနဲ့ ကစားတာဆိုတော့လည်း ဒီလောက်တော့ရှိမယ်ထင်တယ်..
ကြီးဒေါ်ဆီနှုတ်ဆက်ဖို့ အသွား သူမကတော့ ဘာမဖြစ်တဲ့ ပုံစံနဲ့ ..စောစောက သူမနာသွားကတာ ဟန်ဆောင်တာပဲလား.. အချိန်ကုန်အောင်လားတခုခုတော့တခုခုပဲ..
ခုလည်းကြည့်လေ…အကောင်းကြီး မတ်တပ်ရပ်နိုင်သားပဲ..။
ကျွန်တော်လက်ကမ်းတော့ သူမ ကမသိသလိုနဲ့ မျက်နှာကို တဘက်လှည့်သွားသည်..
“စောစောတုန်း က အတွက် ဆောရီးပဲ…မင်းဘယ်နေရာထိသွားလည်းမသိပေမယ့်.. ငါတကယ်ပဲ ဘောလုံးရရှိရေး အတွက် မင်းဆီက ဖြတ်လုတာကလွဲလို့  ငါ့စိတ်ထဲမှာဘာမှမရှိဘူး..”
“မင်း တကယ်နာကျင်သွားတယ်ဆိုရင် ငါအနူးအညွတ်တောင်းပန်တယ်… အဲ..မင်းဟန်ဆောင် ပန်ဆောင်နဲ့ မာယာများနေတာဆိုရင်တော့ ..”
ဘာ!!!!!
သူမထံမှ ဘာ  ဆိုသည့်  အသံတခုသည် မိုးသံတွေကြားထဲတောင် ထိုးဖောက်ပြီးထွက်လာသည်…
“ငါ ဟန်ဆောင်တယ် ဟုတ်လား.. အေး ဟုတ်တယ်.. နင်ပြောတဲ့ အတိုင်းပဲ..
နင်ဟာ ငါ့အတွက် ဘူကောင်ပဲ.. နင်နဲ့ ငါနဲ့ စတွေ့  ကတည်း နင်ဟာ ငါ့ရဲ့ နတ်ဆိုးတကောင်ပဲ..လောလောဆယ် ငါတခုပဲပြောလိုက်မယ်..နင်နဲ့ ငါရဲ့  အ၇င်က အကြွေးတွေ ခုဒီနေရာမှာတင် ကျေစေတော့ ..။ နင့် မျက်ခွက်လည်း သေတာတောင်
ငါမတွေ့ ချင်ဘူး… “
ဟာ.. တော်တော်ပြောရကပ်တဲ့ ကြီးဒေါ်ပါလား..တော်ပြီ…သူလား ကျွန်တော် သိပ်မြတ်နိုးရပါတဲ့ မွန်… ဒီလောက်ရိုင်း..ဒီလောက်အပေါက်ဆိုးတာ.. ကျွန်တော်တော်တော်စိတ်ကုန်သွားတယ်..
ဒါပမေယ့် ကျွန်တော်ရင်တွေခုန်နေတယ်..ကျွန်တော်သူမကိုတခုခုပြောချင်တယ်..ဒါပေမယ့် ကျွန်တော့်လည်ချောင်းမှာဆို့ နေတယ်..
ကျွန်တော်သာ  သတိရှိခဲ့မယ်ဆိုရင်လေ…
“မွန်… ငါ နိုင်လေ..နင်မမြင်ခင်ကတည်းက ကြည့်မရဘူးဆိုတဲ့ ငပွေးလေ..မိန်းကလေးတွေလုပ်ကျွေးနေတာကို ထိုင်စားတတ်တဲ့ ငပျင်းလေ..”
သူမကို တချက်ကြည့်ပြီး ကျွန်တော် changing roomဆီလျှောက်ခဲ့မိသည်..ထိုအချိန်ထိ သူမသည် ကွင်းထဲမှာရပ်လျက်ရှိသေးသည်.. မိုးတွေဒီလောက်သည်းနေတာကိုး သူမသည် ခေါင်းမာစွာနဲ့ ပေပြီးရပ်နေသည်…
ခြေထောက် က ဒဏ်ရာ ထက် ရင်ထဲက တဆစ်ဆစ်နာကျင်ခြင်းက ပိုလို့ ခံရခက်သေးသည်..
ခုချိန်မှာ ဒယ်ဒီသာ ကျုပ်အနားမှာရှိရင်  ဒယ်ဒီကို ဖက်ပြီး ကျုပ်အားရပါးရ ငိုမိမှာသေချာသည်..
မငိုပဲနဲ့ မျက်ရည်တွေကျ အလိုလိုကျလာသည်.. ရင်ထဲမှနာကျင်ခြင်းကြောင့်ကျလာတဲ့ မျက်ရည်လော.. ခြေဖမိုးမှ နာကျင်သောကြောင့်ကျလာတဲ့ မျက်ရည်လော..ဘာပဲဖြစ်ဖြစ်အဲဒီညနေက ကျုပ်ဘ၀အတွက် အမုန်းဆုံးသောယောက်ျားတယောက်ကို တွေ့ ရှိလိုက်သည်..
မုန်းတယ်… မုန်းတယ်.. နင်ကို ငါ ရွံတယ်.. ARRRHHHH!!!!
ကျုပ်ရဲ့  စိတ်ကို မိုးရေထဲလွတ်ချပေးလိုက်သည်…
စိတ်ကို လျှော့ ချလိုက်တော့ လူက မြေကြီးပေါ်ပုံရက်သားကျသွားသည်..တကယ်လို့ သာ ကျုပ်ရဲ့ ဖိနပ်တွေ ခြေအိတ်တွေကို ချွတ်ဖယ်လိုက်မယ်ဆိုရင်  ရောင်ကိုင်းနေမယ့် ကျုပ်ရဲ့ ညာခြေဖမိုးကို  ခင်ဗျားတို့ မမြင်ချင်ပဲ မြင်ကြရလိမ့်မယ်… အဲဒါဘယ်ကောင်ကြောင့်လဲ… ဘယ်ကောင်ရှိမလဲ.. ဟိုအကောင်ပဲပေါ့…
ယောက်ျားတယောက်ရှေ့  မှာ ငိုမိခြင်းဟာ ကျုပ်ငိုတာမြင်ဖူးတာဆိုလို့ ကျုပ်ဒယ်ဒီပဲ၇ှိတယ်..
ခြေဖမိုးက တဆစ်ဆစ်နာနေရက်ကြားက ဒီကောင်က ကျုပ်ကို အချိန်ဆွဲလို့ ရအောင် နာချင်ဟန်ဆောင်သလေး ဘာလေးနဲ့ … ကျုပ်ကို အားကစားစိတ်ဓါတ်မရှိတဲ့ ပုံစံနဲ့ ပြောလိုက်တဲ့ အချိန်က  ကျူပ်ဒေါသတွေ ထိန်းချူပ်ရလွန်းလို့   အသက်ရှူရမှန်းမေ့နေတယ်..
ဒင်းကသာ.. ယောက်ျားတန်မဲ့ အားကစားစိတ်ဓါတ်မရှိပဲ ကျုပ်ရဲ့ ခြေဖမိုးတွေကို တက်နင်းပြီး ဘောလုံးကို ဖြတ်လုသွားတာ.. မြင်လိုက်တဲ့ သူတွေမြင်တယ်.. အင်းပေါ့လေ.. ဒိုင်သူကြီးက သူတို့ ငှားထားတဲ့ ဒိုင်သူကြီးဆိုတော့ လည်း အဲဒီဒိုင်သူကြီးလည်း မျက်လုံးကန်းနေတာပါမှာပေါ့..
လူတွေမ၇ိပ်မိအောင် အတင်းမတ်တပ်ရပ်ထားရတာ။စိတ်လျှော့လိုက်တော့ ပြန်လဲကျသွားသည်..ဘယ်လိုမှထလို့ မရတော့ ။သွားပြီ..ဒီအတိုင်းဆို PoLite tournamentမှာကန်လို့ ရပါ့အုံးမလား…။မိုးတွေက ရွာနေစဲ.. သူငယ်ချင်းတွေကလည်း ကျုပ်စိတ်အရမ်းတိုနေမှန်းသိတော့ အနားမကပ်ပဲ ကျုပ်ကိုမိုးရေထဲမှာလွတ်ထားသည်…
တဖြည်းဖြည်းနဲ့ အချမ်းဓါတ်ကို ခံစားလာရသည်… သွားပြန်ပြီ..ဖျားတော့မယ်…
“မြ”
အသံလာရာဆီကိုမော့ကြည့်လိုက် တော့ ကယ်တင်ရှင် တဖြစ်လဲ ကျော်ထွန်းက ကျုပ်ဘေးမှာရောက်လို့ နေသည်..။
“စောစောတုန်းက ကွင်းထဲမှာဘာဖြစ်သွားမှန်းကျွန်တော်မသိလိုက်ပေမယ့်  မြတခုခုဖြစ်သွားတယ်ဆိုကျွန်တော်ရိပ်မိတယ်.. ဒါပေမယ့် ဒီလိုမိုးရေကြီးထဲမှာဆက်မနေပါနဲ့ ဗျာ။ မြ ဖျားသွားလိမ့်မယ်.. ကျွန်တော်စိတ်ပူတယ်… အဲဒါကျွန်တော်လာပြောတာ.. ကျွန်တော်တို့ အသင်းသားတယောက်ယောက်နဲ့ ငြိတာဆိုရင်လည်း… နောက်နေ့ တွေကျ၇င်အေးအေးဆေးဆေးဆွေးနွေးလို့ ရပါတယ်..ကဲ ကျွန်တော်သွားတော့မယ်… မြဒီလို ကွင်းထဲမှာ ပေပြီးနေနေတာ ကျွန်တော်တကယ်စိတ်ပူနေတယ်ဆိုတာ မြသိရင် ဒီနေရာကနေ အမြန်သွားပါစေဗျာ..”
ကျော်ထွန်းပြောပြီးပြန်အလှည့် ကျုပ်သူ့ လက်ကို လှမ်းဆွဲမိလိုက်သည်… သူတချက်ရပ်တန့် သွားသည်။ ကျုပ်သူ လက်ကို မလွတ်ပဲ အတင်း ဆွဲထားသည်…
“ကျုပ်ခြေထောက်နာနေတယ်…ဘယ်လို့ မှထလို့ မရဘူး…”
“ဘယ်ဖက်လဲ”
“ညာဘက်ခြေထောက်”
“ဟာ စောစောကတည်းကဘာလို့ မပြောတာလဲ..”
“ပြောမလို့ ရှိသေး….” ပြောတာပင်မဆုံးသေး…
ကျုပ်တကိုယ်လုံးလေပေါ်မြောက်သွားသည်..ရှက်လိုက်တာ..ရှက်လိုက်တာ..
မျက်နှာကိုဘယ်မှာထားရမှန်းတောင်မသိတော့ဘူး…။
ကွင်းထဲမှာ ဗွက်တွေ မြက်တွေပေနေတဲ့ ကျုပ်ကို ကျော်ထွန်းက မပြောမဆိုနဲ့ ချီမလိုက်သည်…
အား… ကျုပ်တကိုယ်လုံးကတော့ ချွေးတွေ မိုးရေတွေနဲ့ နံစော်နေမှာပဲ…တကယ်ပဲ…မျက်နှာကိုဓါးနဲ့ လှီးပစ်ချင်စိတ်ပေါက်တော့တယ်..
အဲဒီနေ့ က ကဗျာမဆန်ပဲ သူနဲ့ ကျုပ်နဲ့ စသိတဲ့တာပေါ့…
…………………………………………………………………..
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago